DVB Logo
Home
မြန်မာသတင်း
ရဲ ၂ ဦးအား ​ထိုးကြိတ်​ရာတွင်​ ပါဝင်သူကို ​အမည်မသိလူတစု လာ​ရောက်​ရိုက်​နှက်
DVB
·
August 19, 2018
ရဲ ၂ ဦးအား ​ထိုးကြိတ်​ရာတွင်​ ပါဝင်သူကို ​အမည်မသိလူတစု လာ​ရောက်​ရိုက်​နှက်
Donate to DVB

မ​ကွေးမြို့ MD KTV စား​သောက်​ဆိုင်​​ရှေ့မှာဖြစ်​ပွာခဲ့တဲ့ ဖြစ်​စဉ်​မှာ ပါဝင်​ခဲ့သူတ​ဦးကို သြဂုတ်​လ ၁၇ ရက်​​နေ့ မနက်​ ၃ နာရီလောက်က​ ကား ၂ ​စီးနဲ့ အမည်မသိလူတ​စုက လာ​ရောက်​ရိုက်​နှက်​ခဲ့တယ်​လို့ သာယာကုန်း​ကျေးရွာက အရိုက်​ခံရသူ ဆန်းလင်းထွန်းရဲ့ အနီးပတ်​ဝန်းကျင်​၊ အိမ်​နီးနားချင်း​တွေက ပြောပါတယ်။

သာယာကုန်း​ကျေးရွာက မမျိုးမျိုးဦးက "ကားနှစ်​စီးနဲ့လာတာ၊ လူက​တော့ ကား​ပေါ်မှာ​ရော ​အောက်​မှာ​ရောဆိုရင်​ ၁၅ ​ယောက်​​လောက်​​တော့ရှိမယ်​။ ကိုလင်း ထထလို့​ပြော​တော့ ရပ်​ကွက်​ လူကြီး​တွေ ပါတယ်​ထင်​ပြီး အထမှာ သံတုတ်​နဲ့ဖြတ်​ရိုက်​တာ၊ သူခိုးလို့ ​အော်​ခိုင်းပြီး၊ ကားနဲ့ လိုက်​တိုက်​ခိုင်းတယ်​၊။ လေးငါးဆယ်​​ယောက်​​လောက်​က ​ခွေးရိုက်​နွားရိုက်​ရိုက်​ပစ်​တာ ဝတ်​လစ်​စလစ်​​ပြေးရတာကို ဝိုင်းရိုက်​တာ၊ ဦး​လေးတယောက်​က ဘယ်​ကတုန်းလို ​မေးမှ ရဲ​တွေလို့ ပြန်​​ဖြေတဲ့အတွက်​ ရဲမှန်းသိရတာပါ”လို့ ဒီဗွီဘီကို​ပြောပါတယ်​။

သာယာကုန်း​ကျေးရွာက ကိုသန်းဝင်းက "​မနက်​ ၄ နာရီထိုး​လောက် ​ပြဿနာတက်​သံ ကြားလို့ ထကြည့်တော့ သူတို့မရှိ​တော့ဘူး။ က​လေး​တွေက MD မှာ​ သောက်​စားမူးယစ်​ပြီး ပြဿနာတက်​တာက ပထမအမှား၊ သူတို့က ကားနှစ်​စီးနဲ့ လာပြီး မင်းမဲ့စရိုက်​ဆန်​ဆန်​ ဝိုင်းရိုက်​တာက ဒုတိယအမှား ဖမ်းမယ်​ဆို ဖမ်းလို့ရတာပဲ၊ ဝိုင်းရိုက်​ပြီးထားခဲ့တာ ရပ်​ကွက်​ကပဲ ​ဆေးရုံပို့ခဲ့ရတယ်​” လို့ ​ပြောပါတယ်​။

သာယာကုန်း​ကျေးရွာက အ​ဒေါ်​တော်​စပ်​သူ ​ဒေါခင်​တင့်က "ရဲစခန်းမှာ အမှုသွားဖွင့်တော့ ဝန်​ထမ်းဆို​တော့ တန်းပြီး လုပ်​လို့မရဘူး အဆင့်ဆင့်တင်​ပြပြီးမှ လုပ်​ရမယ်​လို့​ပြော​ပါတယ်​။ ​ခွေး​ပြေးဝက်​​ပြေး​ပြေးလာတာ သူခိုးလိုက်​တယ်​မှတ်​ပြီး​တော့ အိမ်​သာနားမှာ ဝိုင်းရိုက်​​နေတာ ​နောက်​မှ ကိုယ့်တူဖြစ်​​နေတာ သိရတာပါ” လို့ ပြောပါတယ်။

မ​ကွေးမြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူး​ငွေတင်​က "ဒါက​တော့ ပြစ်​မှုကျူးလွန်​တဲ့သူကို ရဲက လိုက်​ဖမ်းတဲ့ သ​ဘောပါ။ သူ့ဟာသူထွက်​​ပြေးပြီး အုတ်​နံရံနဲ့ဝင်​တိုက်​ပြီး ဒဏ်​ရာရတာကို ရဲက ရိုက်​တာပါလို့ ​ပြော​နေတာ” လို့ ပြောပါတယ်​။

အဆိုပါဖြစ်​စဉ်​နဲ့ ပတ်​သက်​လို့ သြဂုတ်​ ၁၈ ရက်​​နေ့က မ​ကွေးခရိုင်​ ရဲတပ်​ဖွဲ့မှူးရုံးမှာ စုံစမ်းစစ်​​ဆေးမှု​တွေ ပြုလုပ်​​နေတယ်​လို့ သိရပါတယ်​။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013