DVB Logo
Home
မြန်မာသတင်း
စစ်​ကိုင်းတိုင်း​တွင် အရိပ်​ရသစ်​ပင်​ ၁၀၀၀ ​​ကျော်​စိုက်​ပျိုး
DVB
·
August 19, 2018
စစ်​ကိုင်းတိုင်း​တွင် အရိပ်​ရသစ်​ပင်​ ၁၀၀၀ ​​ကျော်​စိုက်​ပျိုး
1 / 4
Donate to DVB

စစ်​ကိုင်းတိုင်း​ဒေသကြီး စစ်ကိုင်းမြို့နယ် အောင်စည်ပင်ကျေးရွာမှာ သစ်တောဦးဌာနက ဦးစီးပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းအဖွဲ့တွေနဲ့ အရိပ်​ရသစ်​ပင်​ ၁၀၀၀ ​​ကျော်​ သြဂုတ်လ ၁၈ ရက်နေ့က စိုက်ပျိုးခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဋ္ဌာနနဲ့ စိမ်း​ရောင်စို Activities မန္တလေး၊ မန္တလေးသူငယ်ချင်းများ၊ အစိမ်းရောင်ပုံရိပ်(ပလိပ်)၊ Green Justic Institute နဲ့ ဒေသခံများ ပူးပေါင်းပြီး ကျွန်း၊ ယင်းမာ၊ မန်ကျည်း၊ ဗန်ဒါ၊ စွယ်တော်တည် စ​တဲ့ အရိပ်ရသစ်ပင် ၁၂၀၀ လောက်ကို စိုက်ပျိုးခဲ့ကြတာပါ။

မန္တ​လေးစိမ်း​ရောင်​စိုအဖွဲ့က တာဝန်​ရှိသူ ဦးမင်းထက်​ငြိမ်းချမ်းက “အဓိကအ​နေနဲ့ အခုလို စိုက်​ရတာက သဘာဝပတ်​ဝန်းကျင်​ကို ထိန်းသိမ်းပြီးသားလည်း ဖြစ်​တယ်​။ အရိပ်​လည်း ရ​စေတယ်​။ စက်​မှုဖွံ့ဖြိုးလာတဲ့ နိုင်​ငံတနိုင်​ငံလည်းဖြစ်​​တော့ စက်​တပ်ယာဉ်​​တွေက များလာ​တော့ အဲဒီကထွက်​တဲ့ ကာဗွန်ဒိုင်​​အောက်​ဆိုဒ်​​တွေကို အဓိက ထားပြီး ကာကွယ်​​စေချင်​တာလည်း ပါတယ်​။ ​​လေ​ကောင်း​လေသန့်​ကို ထုတ်​​ပေးနိုင်​တာ သစ်​ပင်​​တွေပဲ​လေ အဲတာ​ကြောင့် သစ်​ပင်​​တွေများများ စိုက်​ကြ​​​စေချင်​တယ်​။ ကျ​နော်​တို့အခုဆိုရင်​ စစ်​ကိုင်းမြို့နယ်​ထဲက ​အောင်​စည်​ပင်​​ကျေးရွာအဝင် ​လမ်း​ဘေးဝဲယာနဲ့ မူလတန်း​ကျောင်းထဲမှာ အရိပ်​ရအပင်​ ၁၀၀၀ ကျော်​စိုက်​ခဲ့ကြတာပါ။ ​နောင်​လာမယ့်နှစ်​မှာလည်း လိုအပ်​​နေတဲ့​ ကျေးရွာတွေကို သွားပြီး အခုလို အရိပ်​ရအပင်​​တွေ ဆက်​ပြီးစိုက်​သွားမယ်​” လို့ ​ပြောပါတယ်။

အောင်​စည်​ပင်​​ကျေးရွာကို အရိပ်​ရအပင်​​တွေ သွား​ရောက်​စိုက်​ပျိုးရာမှာ ​ရွာဦး​ကျောင်း ဆရာ​တော်​နဲ့ သံဃာ​တော်တွေ၊ ဒေသခံရွာသူရွာသား ၁၀၀ နီးပါးက အရိပ်​ရအပင်​တွေကို လာ​ရောက်​ကူညီစိုက်​​ပေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013