DVB Logo
Home
မြန်မာသတင်း
မိုရီဆာကီဝင်းကို ခရီးသွားမြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်
DVB
·
August 19, 2018
မိုရီဆာကီဝင်းကို ခရီးသွားမြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်
1 / 5
Donate to DVB

ဇာတိမြေ ဇာတ်ကားနဲ့ နာမည်ကြီးလာပြီး ပရိသတ်များပြားလာတဲ့  မစ္စတာမိုရီဆာကီဝင်းကို Myanmar Tourism Promotion Brand Ambassador ခန့်အပ်ပွဲကို Lotte Hotel မှာ မနေ့ ညနေပိုင်းက  ကျင်းပခဲ့ပါတယ်။

ဒီပွဲကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး နဲ့ မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်း တို့ တက်ရောက်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံမှာ မြန်မာ့ခရီးသွားလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့၊ မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိပြီး ဂျပန်ခရီးသွားဧည့်သည်တွေ ၀င်ရောက်မှု ပိုမိုများပြားလာစေဖို့ ရည်ရွယ်ခန့်အပ်ခဲ့တာလို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးတို့အနေနဲ့ မြန်မာတို့ဟာ ကျေးဇူးရှင်ဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ စစ်ရှုံး တပ်ဆုတ်ရချိန်မှာ ဂျပန်လူမျိုးတွေကို မြန်မာပြည်သူပြည်သားတွေက သဘောထားကြီးစွာ ကယ်ခဲ့ပုံ၊ မြန်မာ ဆန်တွေကို တင်ပို့ကူညီခဲ့တာတွေကြောင့် မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးတွေဟာ ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးတွေအတွက် ကျေးဇူးရှိခဲ့ကြောင်း သမိုင်းကြောင်းနဲ့ချီကာ ကျေးဇူးစကား ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013