DVB Logo
Home
မြန်မာသတင်း
မဒေါက်၊ ဘားအံနှင့် သာပေါင်းမြို့တို့၏မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
DVB
·
August 19, 2018
မဒေါက်၊ ဘားအံနှင့် သာပေါင်းမြို့တို့၏မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
Donate to DVB

ဒီနေ့မနက် ၆ နာရီခွဲ တိုင်းတာချက်အရ မဒေါက်၊ ဘားအံနဲ့ သာပေါင်းမြို့တို့ရဲ့ မြစ်ရေတွေဟာ စိုးရိမ်ရေမှတ်ထက်ကို ကျော်လွန်နေတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ် ၁ဝ၇ဝ ကနေ ၁၁၄၃ စင်တီမီတာ၊ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ် ၇၅ဝ ကနေ ၈၉ဝ စင်တီမီတာ၊ ငဝန်မြစ်ရေဟာ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၂ဝ ကနေ ၆၃၂ စင်တီမီတာအထိ အသီးသီး ကျော်လွန်နေပါတယ်။

မြစ်ရေ စိုးရိမ်ရေမှတ် ရောက်ဖို့ နီးစပ်နေတဲ့ မြို့တွေကတော့ ရွှေကျင်၊ ပဲခူး၊ ငသိုင်းချောင်း၊ ပုသိမ်၊ မအူပင်နဲ့ ဘီးလင်းမြို့တို့ ဖြစ်ပါတယ်။

မြစ်ရေစိုးရိမ်ရေမှတ်အထက် ရောက်ရှိနေတဲ့ မြို့တွေရဲ့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေသူတွေ သတိပြုနေထိုင်ကြဖို့လည်း မိုးဇလက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013