DVB Logo
Home
မြန်မာသတင်း
မဒေးကျွန်း သံဇစ်မြစ်ရေ ညစ်ညမ်းမှုကြောင့် လူနှင့်ရေသတ္တ၀ါများ အန္တရာယ်ရှိ
DVB
·
August 18, 2018
မဒေးကျွန်း သံဇစ်မြစ်ရေ ညစ်ညမ်းမှုကြောင့် လူနှင့်ရေသတ္တ၀ါများ အန္တရာယ်ရှိ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူက တရုတ်ရေနက်ဆိပ်ကမ်းရှိရာ မဒေးကျွန်းဝန်းကျင်က သံဇစ်မြစ်ရေမှာ ခဲဓာတ်ပါဝင်မှု ၁ဝ ဆပိုများနေပြီး ရေညစ်ညမ်းမှုလည်း အလွန်မြင့်မားနေတာကြောင့် လူနဲ့ ရေသတ္တ၀ါတွေ အန္တရာယ်ရှိတယ်လို့ စိမ်းလန်း အမိမြေအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောပါတယ်။

ပင်လယ်ရေအရောင်ပြောင်းလဲနေတဲ သတင်းတွေ ထွက်ပေါ်ပြီးနောက်ပိုင်း သြဂုတ် ၃ ရက်က ကွင်းဆင်းပြီး ရေနမူနာတွေကို ရန်ကုန်မြို့က စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ ပတ်ဝန်းကျင်ရေးရာ ဓာတ်ခွဲခန်းမှာ စစ်ဆေးခဲ့တာပါ။

ဦးဝင်းမျိုးသူက “ခဲဓာတ်က ၁၀ ဆ၊ ဖီနောဓာတ်က ၂၆ ဆ ပိုများနေတယ်။ ညစ်ညမ်းနေတယ်ပေါ့ဗျာ။ လူနဲ့ ရေသတ္တဝါတွေအတွက် အန္တရာယ်ရှိတာပေါ့” လို့ ပြောပါတယ်။

တရုတ်နိုင်ငံကို ရေနံပိုက်လိုင်း သွယ်ပို့တဲ့ မဒေးကျွန်းဝန်ကျင်မှာ မဲညစ်နေတဲ့ရေတွေဟာ နှစ်မိုင်လောက် အကျယ်ရှိပြီး ရေမှာပါတဲ့ ဓာတ်သတ္ထု ၁၆ မျိုးကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာမှာ ကြေးနီသတ္တုဓာတ်၊ ထုံးဓာတ်နဲ့ နီကယ်တို့ကလွဲပြီး ကျန်အားလုံးဟာ သတ်မှတ်စံနှုန်းတွေထက် ပိုများနေတာပါ။

ခဲဓာတ်ကို သဘာဝကျောက်ဆောင် ကျောက်သားတွေကွဲအက်တာ၊ သဘာဝတွင်းထွက်တွေ လောင်ကျွမ်းတာကြောင့် တွေ့နိုင်သလို ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ ဓာတ်ဆီ၊ ဒီဇယ် ထုတ်လုပ် တာတွေကြောင့်လည်း တွေ့နိုင်တယ်လို့  စိမ်းလန်း အမိမြေအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးဝင်မျိုးသူက “စစ်တွေမှာ ငါးတွေ၊ လင်းပိုင်သေတာတွေ တင်တယ်လို့ ကြားတယ်။ ရေကြော ဆက်မဆက်တော့ မသိဘူး။ ရေနမူနာယူလာခဲ့တာက သြဂုတ် ၃ ရက်နေ့က ဆိုတော့ ၂ ပတ် လောက်တောင်ရှိနေပြီ” လို့ ပြောပါတယ်။

ဒီလို ရေအရောင်ပြောင်းနေတာနဲ့ ပတ်သက်လို့ ဇူလိုင်နောက်ဆုံးပတ်က ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တာဝန်ရှိသူတွေ၊  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ သစ်တောအရာရှိ၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းက ကိုယ်စားလှယ်အရာရှိတွေနဲ့ SEAOP ကုမ္ပဏီက တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုပြီး ဆီငွေ့သန်းတာ၊ အနံ့ရတာမရှိလို့ ရေနံမဖြစ်နိုင်ဘူးလို့ ဝန်ကြီးဌာနကတော့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013