DVB Logo
Home
မြန်မာသတင်း
တနင်္သာမြို့တွင် ရေပြန်တက်၍ ကယ်ဆယ်ရေးစခန်းများ ပြန်ဖွင့်ထား
DVB
·
August 18, 2018
တနင်္သာမြို့တွင် ရေပြန်တက်၍ ကယ်ဆယ်ရေးစခန်းများ ပြန်ဖွင့်ထား
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့မှာ သြဂုတ် ၁၆ ရက်နေ့ကစပြီး မြစ်ရေ ပြန်လည်မြင့်တက်လာပြီး ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ပင်လယ်ရေမျက်နှာပြင်ထက် ၂၁ ပေ ၁၁ လက်မနဲ့ စိုးရိမ်ရေမှတ်ထက် ၅ ပေနီးပါး ကျော်လွန်နေပြီဖြစ်ပါတယ်။

ထားဝယ်ဘက်မှာ မိုးဆက်လက်ရွာသွန်းနေတဲ့အတွက် တောင်ကျရေကနေတဆင့် မြစ်ရေစီးဆင်းလာပြီး အခုလို ရေကြီးရေလျှံနေတာပါ။

လွန်ခဲ့တဲ့ ၂ ရက်လောက်က မြစ်ရေကျသွားတာကြောင့် ကယ်ဆယ်ရေးစခန်းမှာ လူမရှိတော့လို့ ပိတ်သိမ်းခဲ့ပေမယ့် အခုတော့ ကယ်ဆယ်ရေးစခန်း ၅ ခု ပြန်ဖွင့်ထားသလို မြစ်ရေ အနေထားကို စောင့်ကြည့်နေတယ်လို့ တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ဒီဗွီဘီကို ပြောပါတယ်။

ကယ်ဆယ်ရေးစခန်း ၅ ခုမှာ အိမ်ထောင်စု ၈၂ စုက လူဦးရေ ၄၂၉ ယောက် ရောက်နေလို့ လတ်တလောမှာ ရိက္ခာခြောက်တွေလိုအပ်နေပြီး အစိုးရအဖွဲ့က ဆေးကုသမှု အစီစဉ်တွေလည်း ပြုလုပ်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

အခုလို ရေကြီးလို့ မြေနိမ့်ပိုင်းကျေးရွာတွေဖြစ်တဲ့ မြန်မာအင်းတော်ရွာနဲ့ ကျောက်တလုံးရွာမှာ ရွာလုံးကျွတ်နီးပါး ရေနစ်မြုပ်နေတယ်လို့လည်း သိရပါတယ်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ဝင်းဝတံတားနဲ့ မင်းတပ်ကြားက ကားလမ်းပေါ်မှာလည်း ရေကျော်နေလို့ မော်တော်ယာဉ်ကြီးတွေပဲ ဖြတ်သန်းသွားလာနိုင်ပြီး ယာဉ်ငယ်တွေ သွားလာမရသေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013