DVB Logo
Home
မြန်မာသတင်း
ဝိုင်းလိမ်တာနှင့် အားလုံးကောင်းပါသည်ခင်ဗျားကို လက်မခံဟု သမ္မတ ဦးဝင်းမြင့်ပြော
DVB
·
August 18, 2018
ဝိုင်းလိမ်တာနှင့် အားလုံးကောင်းပါသည်ခင်ဗျားကို လက်မခံဟု သမ္မတ ဦးဝင်းမြင့်ပြော
Donate to DVB

ပြည်နယ်နဲ့တိုင်း အစိုးရကိုဖြစ်စေ၊ ပြည်နယ်နဲ့တိုင်း အစိုးရကနေ ပြည်ထောင်စု အစိုးရကိုဖြစ်စေ ဝိုင်းလိမ်တာတွေနဲ့ အားလုံးကောင်းပါသည်ခင်ဗျား ဆိုတာတွေကို လက်မခံနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမမှာ ဒီမနက် ကျင်းပတဲ့ သမ္မတဦးဝင်းမြင့်နဲ့ တိုင်းထဲက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်က တာဝန်ရှိ ပုဂ္ဂိုလ်တွေ တွေ့ဆုံပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

လစဉ်အစီရင်ခံစာတွေမှာလည်း တချို့အချက်တွေက တလနဲ့တလ တူညီနေတာ တွေ့ရကြောင်း ဒီလိုမလုပ်ကြဖို့နဲ့ ရှိရင်ရှိတယ်၊ မရှိရင်မရှိဘူး ပွင့်ပွင့်လင်းလင်း တင်ပြဖို့ကိုလည်း ပြောဆိုခဲ့ပါသေးတယ်။

“စစ်ကိုင်းတိုင်းက တင်တဲ့ အစိုးရအစီရင်ခံစာ စာအုပ်လည်းယူလာပါတယ်။ မဟုတ်ပါဘူး ဒီဂဏန်းတွေ မြင်ဖူးပါတယ်ပေါ့။ ဒါနဲ့ အရင်လက အစီရင်ခံစာ ပြန်တောင်းကြည့်တယ်။ တိုက်ကြည့်လိုက်တယ်။ စာမျက်နှာ ၂၀၊ ၂၁ လောက်ပဲကွဲတယ်။ ဒီတိုင်းပဲ။ အရေအတွက်ကော ဖမ်းမိတဲ့အကြိမ်ရေကော၊ လူဦးရေကော၊ တန်ဖိုးကော၊ ကီလိုဂရမ်ကော ဒီတိုင်းပဲ။ ဒါဆိုရင်တော့ ဒို့ဝန်ကြီးချုပ်ကလည်း မဖတ်ဖူးလားမသိဘူး။ ငါ့ဆီတော့ လက်မှတ်ထိုးတင်တာပဲ။ အဲဒီတော့ ဌာနဆိုင်ရာကလည်း ကွန်ပျူတာကနေ ဒေါင်းလုဒ်ဆွဲချပြီး ထည့်တာပဲ။ ဒါပေါ်နေပြီ။ အဲဒီတော့ ဝန်ထမ်းတွေကို အဲလိုမဖြစ်စေချင်ဘူး။ မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်။ မရှိလည်း မရှိတဲ့အတိုင်း၊ ရှိလည်းရှိတဲ့အတိုင်း။ သူတို့စိတ်ထဲမှာ ကျနော့်ကို ဒါတွေမဖတ်ဘူးများတွက်နေလားမသိဘူး။ ကျနော်ဖတ်ပါတယ်။ ကျနော် တော်တော်စိတ်မကောင်းဖြစ်တယ်” လို့ ပြောပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ သမ္မတကို တင်ပြရာမှာ အခက်အခဲတွေကို သိချင်တာဖြစ်ပြီး လူဦးရေဘယ်လောက်ရှိတယ်၊ ဘယ်လောက်ကျယ်တယ်ဆိုတာတွေကို မလာခင် တပတ်လောက် ကတည်းက ကြိုတင်လေ့လာခဲ့တာဖြစ်လို့ ပြောဖို့မလိုဘူးလို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။

“ပြည်နယ်တိုင်းအစိုးရကိုပဲဖြစ်စေ၊ ပြည်နယ်တိုင်းအစိုးရကနေ ပြည်ထောင်စု အစိုးရကိုပဲဖြစ်စေ အဲလို ဖုံးကွယ်တာတွေ၊ ဝိုင်းလိမ်တာတွေ မလိုချင်ပါဘူး။ ခင်ဗျားတို့သိပါတယ်။ တချိန်တုန်းကလည်း အောက်ကနေ အပေါ်ကို အားလုံးကောင်းပါသည်ခင်ဗျားဆိုပြီး လုပ်တာ ပျက်ရော။ အားလုံးကောင်းပါသည်ခင်ဗျားကို လက်မခံနိုင်ပါဘူး။ အားသာချက် အားနည်းချက်တော့ ရှိမှာပဲ။ အကောင်းအဆိုးတော့ ရှိမှာပဲ။ ဒါကိုလက်ခံပါတယ်” လို့ သမ္မတက ပြောဆိုခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို ၂ နာရီကြာပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းရဲ့ အုပ်ချုပ်ရေးကဏ္ဍနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဥပဒေပြုရေးကို တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနဲ့ တရားစီရင်ရေးအပိုင်းမှာ တိုင်းတရားသူကြီးချုပ် ဦးဝင်းမြင့်တို့က လိုအပ်ချက် အခက်အခဲတွေနဲ့ ပတ်သက်ပြီး အသီးသီးတင်ပြခဲ့ကြပါတယ်။

သတင်းနှင့်ဓာတ်ပုံ - အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013