DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်ဖောက်ခွဲမည့်သတင်းကြောင့် ရခိုင် ၁၇ မြို့နယ်တွင် တပ်နှင့်ရဲ ပူးပေါင်းကင်းလှည့်
DVB
·
August 18, 2018
အကြမ်းဖက်ဖောက်ခွဲမည့်သတင်းကြောင့် ရခိုင် ၁၇ မြို့နယ်တွင် တပ်နှင့်ရဲ ပူးပေါင်းကင်းလှည့်
Donate to DVB

အကြမ်းဖက်ဖောက်ခွဲမယ့် သတင်းတွေရရှိတာကြောင့် ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်အပါအ၀င် မြို့နယ် ၁၇ မြို့နယ်မှာ လုံခြုံရေး တိုးမြှင့်ထားပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းကင်းလှည့်နေတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

အကြမ်းဖက်အဖွဲ့တွေက တဖက်နိုင်ငံမှာ အခြေပြုပြီး လက်နက်ခဲယမ်းနဲ့ လူသစ်တွေ စုဆောင်းသင်တန်း ပေးနေတာတွေ သတင်းရရှိထားတာကြောင့် လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်နေတာလို့ ပြည်နည်ရဲတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်အပါအ၀င် မြို့နယ် ၁၇ မြို့နယ်မှာ ဖောက်ခွဲမှုတွေ ပြုလုပ်လာနိုင်တယ်ဆိုတဲ့ သတင်းရရှိထားတယ်လို့ ရခိုင်ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

“အကြမ်းဖက်အဖွဲ့တွေက တဖက်နိုင်ငံမှာ အခြေပြုပြီးတော့ လေ့ကျင့်နေတာတွေ၊ လက်နက်ခဲယမ်း စုဆောင်းနေတာတွေ၊ လူသစ်တွေစုဆောင်းပြီး သင်တန်းပေးနေတာတွေ သတင်းရထားပါတယ်။ စစ်တွေမြို့အပါအဝင် မြို့ကြီး ၁၇ မြို့နယ်မှာ ဖောက်ခွဲမှုတွေ ပြုလုပ်လာနိုင်တယ်လို့ သတင်းတွေ ရရှိထားပါတယ်” လို့ ပြောပါတယ်။

မောင်တောအကြမ်းဖက်ခံရမှု တနှစ်ပြည့်ဖြစ်တာကြောင့် လုံခြုံရေးကို အသင့်အနေအထားအဖြစ် ဆောင်ရွက်နေတာပါ။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ တပ်မတော်ကို အကူအညီတောင်းခံခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်တို့နဲ့ ပူးပေါင်းကင်းလှည်တာတွေလည်း ပြုလုပ်နေပါတယ်။

ဒါပေမယ့် စစ်တွေမြို့အပါအဝင် မြို့ကြီးအချို့မှာ လုံခြုံရေးတွေကို အဆမတန် နေရာချထားမှုအပေါ် ဝေဖန်မှု ထွက်ပေါ်နေတာလည်း ရှိပါတယ်။

စစ်တွေမြို့ခံတဦးက “လုံခြုံရေးတွေ ယူတာကတော့ ကောင်းတာပေါ့။ ဒါပေမယ့် ဒီလို အင်အားနဲ့စစ်တွေမြို့အတွင်း အပြင်မှာ တပ်ရော၊ ရဲအင်းအားရော ပြည့်နှက်နေတယ်။ တချို့လည်း ထိတ်လန့်ကြတာပေါ့။ ဒီလိုအင်အားပြပြီး လုံခြုံရေးတွေကို ယူမယ်ဆိုရင်တော့ မောင်တောနဲ့ ဘူးသီးတောင်ဘက်တွေမှာ ပိုကောင်းပါတယ်။ လူတွေက သို့လောသို့လော ဖြစ်နေကြတယ်” လို့ ပြောပါတယ်။

မောင်တောမြို့နယ်က ရဲကင်းစခန်း ၃ဝ ကျော်ကို ပြီးခဲ့တဲ့နှစ် သြဂုတ် ၂၅ ရက်နေ့က အာဆာအကြမ်းဖက်အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့အပါအဝင် အရပ်သားတွေတချို့ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဟိန္ဒူ ၁ဝဝ ကျော်နဲ့ သေဆုံးခဲ့ရပါတယ်။

အာဆာ အကြမ်းဖက်အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းရာကနေ ဒေသခံမွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိခဲ့တယ်လို့ ကုလနဲ့ နိုင်ငံတကာက ပြောဆိုထားပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒေသခံမွတ်စလင်တွေ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီ ထွက်ပြေး တိမ်းရှောင်ခဲ့ပါတယ်။

သတင်း-ဓာတ်ပုံဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013