DVB Logo
Home
မြန်မာသတင်း
တာချီလိတ် ရွှေဆိုင်အား သေနတ်ကိုင် အနုကြမ်းဝင်စီး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ (ရုပ်သံ)
DVB
·
August 18, 2018
တာချီလိတ် ရွှေဆိုင်အား သေနတ်ကိုင် အနုကြမ်းဝင်စီး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ (ရုပ်သံ)
Donate to DVB

တာချီလိတ်မြို့လယ်ခေါင်ရှိ ရွှေဆိုင်အား သြဂုတ် ၁၈ ရက် မနက် ၁ဝ နာရီကျော်လောက်မှာ အနုကြမ်းဝင်ရောက်စီးနင်းမှုတခုဖြစ်ပွားခဲ့ပြီး ရွှေလာဝယ်သူ အမျိုးသမီး ၁ ဦး သေနတ်ထိမှန်ဒဏ်ရာရှိခဲ့တယ်လို့ တာချီလိတ်မြို့မရဲစခန်းက သိရပါတယ်။

သေနတ်သမားတဦးက မြို့လယ်ခေါင် မကာဟိုခမ်းရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ဒိုင်းမွန်းရွှေဆိုင်ကို ခေါင်းစွပ်အင်္ကျီဝတ် သေနတ်ကိုင် ဝင်ရောက်လာပြီး အနုကြမ်းစီးရာမှာ ရွှေလာဝယ်ယူအမျိုးသမီးတဦးကို သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

"အနုကြမ်းစီးတဲ့သူက ဆိုင်ထဲဝင်လာပြီး ကောင်တာက စာရေးမလေးကို သေနတ်နဲ့ချိန်ပြီး အိတ်ပစ်ချပေးလိုက်တယ် ဒါကို စာရေးမလေးက အတွင်းခန်းထဲဝင်ပြေးသွားတော့ ရွှေထည့်ထားတဲ့ ကောင်တာကို သေနတ်နဲ့ ထုပြီးခွဲတာ မကွဲတော့ အပြင် ပြန်ထွက်ပြေးသွားတယ်လို့ CCTV မှတ်တမ်းတွေမှာ တွေ့ရတယ်။ သေနတ်ထိတဲ့ ကလေးမလေးက နောက်ဆုတ်ဆုတ်ရင်း ဆိုင်ပြင်ထွက်လာတာတွေ့ရတယ်။ ဒါပေမယ့် သေနတ်ဘယ်အချိန်မှန်လဲ စစ်ဆေးတုန်းပဲ ရှိသေးတယ်" လို့ တာချီလိတ်မြို့မရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။

အနုကြမ်းစီးတဲ့ အမျိုးသားကတော့ ရွှေဆိုင်ဘေးလမ်းကြားကနေတဆင့် ဝမ်ကောင်းဈေးအတွင်း ပြေးဝင်သွားကြတယ်လို့ မြင်တွေ့လိုက်ရသူတွေက ပြောပါတယ်။

သေနတ်ဒဏ်ရာရှိတဲ့ အမျိုးသမီးကတော့ လက်မောင်းကို ရှပ်မှန်၏ဏ်ရာ ၂ ချက်ရရှိတာကြောင့် ဆေးကုသမှုခံယူနေပြီး စိုးရိမ်ရတဲ့ အခြေအနေမရှိဘူလို့ သိရပါတယ်။

အခုလို အနုကြမ်းစီးပြီး သေနတ်ပစ်ခတ်သွားသူကို တာချီလိတ်မြို့မရဲစခန်းက ဖမ်းဆီးနိုင်ဖို့ လိုက်လံစုံစမ်းနေတယ်လို့ သိရပြီး သြဂုတ်လအတွင်း တာချီလိတ်မြို့အတွင်းမှာ သေနတ်ပစ်ခတ်မှု ၂ မှု၊ ဓားထိုးမှု ၁ မှုနဲ့ သေနတ်ပြ ဆိုင်ကယ်လုယက်မှုတခု ဖြစ်ပွားခဲ့ပြီး ဆက်တိုက်မှုခင်းတွေ ဖြစ်ပေါ်နေတယ်လို့ တာချီလိတ်ရဲစခန်းရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

(ကိုဇက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013