DVB Logo
Home
မြန်မာသတင်း
မြို့ ၄ မြို့၏မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
DVB
·
August 18, 2018
မြို့ ၄ မြို့၏မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
Donate to DVB

ဒီနေ့မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ မြို့ ၄ မြို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေ အမှတ်ထက်ကို ရောက်ရှိနေတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

စစ်တောင်းမြစ်ရေ မဒေါက်မြို့ရဲ့ စိုးရိမ်ရေအမှတ် ၁ဝ၇ဝ ကနေ ၁၁၄၅ စင်တီမီတာ၊ သံလွင်မြစ်ရေ ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ် ၇၅ဝ ကနေ ၈၈၁ စင်တီမီတာနဲ့ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေအမှတ် ၁၁၆ဝ ကနေ ၁၁၆၂ စင်တီမီတာ၊ ငဝန်မြစ်ရေဟာ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေအမှတ် ၆၂ဝ ကနေ ၆၃၈ စင်တီမီတာထိ အသီးသီး ကျော်လွန်နေပါတယ်။

မြစ်ရေ စိုးရိမ်ရေမှတ်ရောက်ဖို့ နီးစပ်နေတဲ့ မြို့တွေကတော့ ဟင်္သာတ၊ ဇလွန်၊ ရွှေကျင်၊ ပဲခူး၊ ပုသိမ်၊ မအူပင်နဲ့ ဘီလင်းမြို့တို့ ဖြစ်ပါတယ်။

မြစ်ရေ စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေတဲ့ မြို့တွေရဲ့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းတွေကို သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013