DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 17, 2018
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်းက ပိဿာ ၆၀ ဝင် တအိတ်ကို ၄၁,၀၀၀   ကျပ်ကနေ ငွေကျပ် ၄၂,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၅,၀၀၀ ပေါက်ဈေးရှိပြီး မနေ့က ဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၄၀,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၇၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တစ်အိတ်ကို ၃၈,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စွန်တာပဲ
ရန်ကုန် ကုန်စည်ဒိုင်မှာ စွန်တာပဲက တတင်းကို ၂၄,၇၀၀ ကျပ်ကနေ ငွေကျပ် ၂၅,၁၇၅ ပေါက်ဈေးရှိပြီး တတင်းကို ၃၈၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တတင်းကို ၂၅,၉၀၀ ကျပ် ပေါက်ဈေးရှိပြီး ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် တတင်းကို ၇၂၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ V2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၈၂၀၀၀ ကျပ်ကနေ ငွေကျပ် ၈၃,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုနစ်ည်ဒိုင်မှာလည်း တအိတ်ကို ၈၁,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၈၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၄,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၉၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၄,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲကြီး
မန္တလေး ကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် တအိတ်ကို ၁၀၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၁၁,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၇,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၂,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ပဲကြီးကတော့ ဒီတပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ပွဲတော်ကာလ ဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်း ဝယ်ယူမှုများတဲ့အတွက် ဈေးက တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ ပဲကြီးက တပတ်အတွင်း သုံးတင်းဝင် တအိတ်ကို ၂၀,၀၀၀ ကျပ်နီးပါး ဈေးတက်လာခဲ့ပါတယ်။ ပြည်တွင်းစားသုံးမှု အများဆုံးပဲ ဖြစ်ကာ စိုက်ပျိုးထုတ်လုပ်မှု နည်းတဲ့အတွက် တခြားပဲတွေလို အကျ သိပ်မရှိဘဲ လက်ရှိအချိန်ထိ ဈေးကောင်းရနေတဲ့ ပဲလည်း ဖြစ်ပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013