DVB Logo
Home
မြန်မာသတင်း
အလုပ်ထုတ်ခံရသည့် အလုပ်သမားများဘက်က အမှုနိုင်
DVB
·
July 30, 2012
Donate to DVB

အလုပ်ထုတ်ခံထားရတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒြုံမို့နယ်ထဲက အေတီကေ စက်ရုံသမား ၉ ဦးအနက် ၇ ဦးကို အလုပ်ပြန်လည်လုပ်ကိုင်ခွင့်ပြုဖို့ နေပြည်တော် အလုပ်သမားခုံသမာဓိအဖွဲ့က ဒီနေ့ ဆုံးဖြတ်ပေး လိုက်ပါတယ်။

အလုပ်သမားတွေဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေနေ့ ဦးအောင်သူရိန်ထွန်းက “ဒီနေ့ဆုံးဖြတ်ချက် ချပါတယ်။ အလုပ်သမားအဖွဲ့အစည်း လုပ်လို့ အလုပ်ကထုတ်တယ်ဆိုတာ မှန်တယ်လို့ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ ပါပါတယ်။ ဒါပေမယ့် ၉ ယောက်ထုတ်တဲ့အထဲမှာ ၂ ယောက်ကို ဖြုတ်ပြီး ၇ ယောက်ကို ပြန်ခန့်လိုက်ပါတယ်။”

လွန်ခဲ့တဲ့ ၂ လခန့်က မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်ထဲက   အေတီကေ အထည်ချုပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းမှာကို သိသွားပြီးနောက် အလုပ်သမားခေါင်းဆောင် ၉ ဦးကို အလုပ်က ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

အစိုးရက ၂၀၁၁ အလုပ်သမားဥပဒေထုတ်ပြန်ပေမယ့် အလုပ်ရှင်တွေဘက်က လက်ခံနိုင်ခြင်း မရှိသေးခင်စပ်ကြားမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းတဲ့အပေါ် အလုပ်သမားခေါင်ေးဆာင်တွေကို အလုပ်ထုတ်ခဲ့တာပါ။

သူတို့တတွေဟာ အထုတ်မခံကြရခင်တုန်းက ဖယ်ရီကားစီစဉ်ပေးဖို့၊ လုပ်ခတိုးပေးဖို့၊ ဆန္ဒမပါဘဲ အချိန်ပိုအတင်းအကျပ်မခိုင်းဖို့နဲ့ ဒီနှစ်မေဒေးနေ့ အလုပ်ပိတ်ဖို့အတွက် အလုပ်ခိုင်းစေခဲ့တာတွေကို ဦးဆောင်တိုင်တန်းခဲ့ဖူတဲ့အတွက် အလုပ်ရှင်ဘက်က အငြိုးထားပြီး ထုတ်တာလို့လည်း ဆိုပါတယ်။

အခု ကျန်ရှိသူ ၂ ဦးကတော့ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့ဟန့်တားမှုတွေ ရှိခဲ့တယ်။ အရင်နှစ်တွေတုန်းက အလုပ်ထဲမှာ ရန်ဖြစ်ခဲ့ဖူးတယ် စတဲ့ ကောက်ချက်ဆွဲထားပြီး အလုပ်သမားသမဂ္ဂ ဖွဲ့စည်းလို့ အလုပ်ထုတ်ခံရတာ မဟုတ်ဘူးလို့ နေပြည်တော် အလုပ်သမားခုံသမာဓိအဖွဲ့က ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုဟာ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိကောင်စီမှာ ဇူလိုင် ၁၆ ရက်နေ့ ဆုံးဖြတ်တုန်းက ဒီအလုပ်သမား ၉ ယောက်ကို အလုပ်ထုတ်တာဟာ မှန်ကန်တယ်လို့ ဆုံးဖြတ်ပေးခဲ့တဲ့အတွက် အလုပ်သမားတွေက မကျေနပ်လို့ နေပြည်တော်ခုံသမာဓိကောင်စီကို အယူခံဝင် တိုင်ကြားခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013