DVB Logo
Home
မြန်မာသတင်း
အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာပြည်အလယ်ပိုင်းဒေသ မိုးရွာနိုင်
DVB
·
August 17, 2018
အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာပြည်အလယ်ပိုင်းဒေသ မိုးရွာနိုင်
Donate to DVB

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း “ဘက်ဘင်ကာ”ရဲ့ အကြွင်းအကျန်တိမ်တိုက်တွေဟာ  ရှမ်းပြည်နယ်ကို စတင်ဖြတ်နေပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာ မိုးစတင်ရွာသွန်းနေပြီလို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

ဂြိုဟ်တုတိုင်းတာချက်အရ မုန်တိုင်း “ဘက်ဘင်ကာ” အရှိန်ကြောင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ  မိုးများရွာသွန်းနေတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။

မကွေးတိုင်းဒေသကြီး ပခုက္ကူဘက်မှာ မိုးခေါင်နေတာ ၃လကြာလောက်ရှိနေပြီ ဖြစ်ပေမယ့် မကွေး၊ တောင်တွင်းကြီတို့ဘက်မှာတော့  မိုးရွာနေကာ မိုးမခေါင်ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီနေ့လည်း မိုးရိပ်တွေ့ပေမယ့်  မွန်းလွဲ၂ နာရီခွဲလောက်အထိတော့ မိုးမရွာသေးဘူးလို့ ပခုက္ကူအမတ် ဒေါ်ဇင်နီနီဝင်း က ပြောပါတယ်။

“မိုး ဖွဲဖွဲလေးတွေပဲ လေးငါးဆယ်မိနစ်ကျပြီးတော့ ပြီးသွားတာ မိုးကို မရွာတာ ကြာပြီ၊အခု လက်ရှိလည်း မရွာသေးဘူး။ မိုးအုံ့နေတယ်၊ ရွာမလားလို့ မျှော်နေတာ ခုထိတော့ မရွာသေးဘူး။ စောနက မိုးတွေ အုံ့ပြီး အခု နေပြန်ထွက်လာတယ်”

မိုးလေဝသဌာနရဲ့ ဒီမနက် ထုတ်ပြန်ချက်မှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ကရင်ပြည်နယ်မှာ  ဒေသအလိုက်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ နေရာ ကွက်မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013