DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်း တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ တရားစွဲခံရ
DVB
·
August 17, 2018
တနင်္သာရီတိုင်း တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ တရားစွဲခံရ
Donate to DVB

မြေယာနဲ့ အိမ်ရာ စီမံကိန်းတွေမှာ ကုမ္ပဏီတွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့လိုကြောင်း ပြောဆိုခဲ့တဲ့ တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးကို လုပ်ငန်းရှင်တဦးက အသရေဖျက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

မြေယာကိစ္စ၊ စီမံကိန်းကိစ္စတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီတခုက ရှင်းလင်းပွဲပြုလုပ်ရာမှာ သဘောထားမှတ်ချက်ပြောခဲ့တာကို လုပ်ငန်းရှင်တဦးက တရားစွဲဆိုခဲ့တာလို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

လာမယ့် သြဂုတ် ၂၁ ရက်နေ့မှာ အသရေဖျက်မှုပုဒ်မ ၅ဝဝ နဲ့ ပတ်သက်ပြီး လာရောက်ဖြေရှင်းပေးဖို့ တရားရုံးက ဆင့်ခေါ်ထားတယ်လို့ ဆိုပါတယ်။

"လွန်ခဲ့တဲ့ ၂ နှစ်က မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးမှာ မြေယာကိစ္စ ရှင်းလင်းတင်ပြပွဲလုပ်ခဲ့တယ်။ ဥပဒေနဲ့အညီ ဘယ်လိုဆောင်ရွက်နေတာကို ရှင်းပြခဲ့တယ်။ နိုင်ငံရေးသမားတယောက်အနေနဲ့ သွားခဲ့တယ်၊ သဘောထားမှတ်ချက်ပေးခဲ့တယ်။ ဥပဒေနှင့်အညီလုပ်တဲ့အတွက် ကြိုဆိုတယ်၊ တခြားကုမ္ပဏီတွေလည်း ဒီလိုလုပ်သင့်တယ်ဆိုပြီး ပြောခဲ့တယ်။ ဒေသခံတွေက မြေသိမ်းခံရလွန်းလို့ ကုမ္ပဏီဆိုရင် ကြောက်နေပြီလို့ ပြောခဲ့ပါတယ်။ အဲဒီမှာ ၉၉၉ အုတ်ဖိုပိုင်ရှင် ဦးမောင်ဝင်းဆိုတဲ့သူက သူ့အမည်တပ်ပြီး ပြောတယ်လို့ စွပ်စွဲပြီး တရားစွဲတာပါ" လို့ဦးအောင်နိုင်ဦးက ပြောပါတယ်။

ကနဦး မြို့နယ်တရားရုံးကနေ တရားစွဲဆိုရာမှာ  မြို့နယ်က ပယ်ချလိုက်လို့ ခရိုင်တရားရုံးမှာ ထပ်ပြီး တရားစွဲရာမှာ  ခရိုင်ကလက်ခံလိုက်တာ ဖြစ်ပါတယ်။

ဦးအောင်နိုင်ဦး အပါအဝင် လူအယောက် ၃၀ ကို ဦးမောင်ဝင်း ဆိုသူက တရားစွဲဆိုထားပြီး ရှေ့နေတွေနဲ့ MFD (မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ) တာဝန်ရှိသူတွေလည်း တရားစွဲခံထားရတယ်လို့ သိရပါတယ်။

MFD ကုမ္ပဏီဒါရိုက်တာ ဒေါ်မြတ်မြတ်အိက “ကျမတို့က ကုမ္ပဏီမှာ ရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။ အဲဒီမှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေ၊ ဒေသခံတွေကို အကုန်ဖိတ်ပါတယ်။ အခုတရားစွဲတော့ ကျမတို့ အမည်လည်း ပါနေတယ်၊ ဆင့်ခေါ်စာလည်းရောက်နေပြီ။ ဆင့်ခေါ်စာထဲမှာ ရေးထားတဲ့ အဖေနာမည်ဆိုလည်း အမှားရေးပြီး လာပို့တယ်။ ဘာကြောင့်စွဲမှန်းကို မသိတော့ဘူး” လို့ပြောပါတယ်။

အချက်အလက် အထောက်အထား အပြည့်အစုံရှိလို့ တရားစွဲတာလား၊ မပြည့်စုံပဲ တရားစွဲတာလားဆိုတာ တရားရုံးတက်တဲ့နေ့မှ အဖြေပေါ်မှာဖြစ်ပြီး ပြန်လည်တရားစွဲဆိုဖို့ မဆုံးဖြတ်ရသေးကြောင်း ဦးအောင်နိုင်ဦးက ပြောပါတယ်။

တရားစွဲဆိုသူ ဦးမောင်ဝင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရရှိပါဘူး။

မြတ်ထွဋ်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013