DVB Logo
Home
မြန်မာသတင်း
မိုးညိုမြို့နယ် လ.ဝ.က ဦးစီးအရာရှိကို အဂတိလိုက်စားမှုဖြင့် ရုံးထုတ်စစ်ဆေး
DVB
·
August 17, 2018
မိုးညိုမြို့နယ် လ.ဝ.က ဦးစီးအရာရှိကို အဂတိလိုက်စားမှုဖြင့် ရုံးထုတ်စစ်ဆေး
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ဦးစီးအရာရှိ ဦးဇော်မိုးကို အဂတိလိုက်စားမှုနဲ့  ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်မှာ ဩဂုတ် ၁၇ ရက်က ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

လ.ဝ.က ဦးစီးအရာရှိ ဦးဇော်မိုးဟာ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုစာရင်း ပြုလုပ်သူတွေဆီက ငွေကြေးနဲ့ လက်ဆောင်ပစ္စည်းတွေ တောင်းခံတာ ဦးစီးအရာရှိ ရုံးခန်းအတွင်းက အလှူခံပုံးထဲကို အလှူငွေတွေ ထည့်ဝင်ခိုင်းတဲ့အပေါ် အရေးယူပေးဖို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့တဲ့အမှုဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးမြင့်ဆန်းက “လ.ဝ.က ဦးစီးအရာရှိဦးဇော်မိုးကို အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုဒ်မ ၅၆ နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အဲဒီကော်မရှင်ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်တင်ကို စတင်စစ်ဆေးနေတာဖြစ်လို့ ဦးမြင့်ဆန်းက ဆိုပါတယ်။ အဲဒီအမှုနဲ့ပတ်သက်လို့ ဦးဇော်မိုးကို တိုင်းတရားလွှတ်တော် တရားသူကြီး ဦးတင်ဟုန်က စစ်ဆေးနေတာဖြစ်ပြီး တရားလို ရှေ့နေအဖြစ် ဥပဒေအရာရှိက လိုက်ပါ ဆောင်ရွက်နေတာပါ။ တရားစွဲခံရသူဘက်ကတော့ သက်သေတဦး တင်ပြထားတယ်။”

တိုင်ကြားမှုနဲ့ ပတ်သက်လို့ ကော်မရှင်က စစ်ဆေးတဲ့အခါ ငွေကြေးတောင်းခံရ ယူတာကြောင့် အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တဲ့အပြင် ကျေးရွာနယ်မြေခံ သတင်းတွေအရ ငွေကြေးမရရင် အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲကာ လုပ်ငန်းေ ဆောင်ရွက်မပေးဘဲ ငွေကြေးပေးမှ ဆောင်ရွက်ပေးလေ့ရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဦးဇော်မိုးကို ၂ဝ၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ပေးဖို့ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့မရဲစခန်းမှာ ဩဂုတ် ၁ ရက်က ကော်မရှင်ကနေ ပထမ သတင်းပေးတိုင်ကြားခဲ့ပြီး တိုင်းတရားလွှတ်တော်ကို ဩဂုတ် ၃ ရက်မှာ ကော်မရှင်က  တရားစွဲတင်ပို့ခဲ့ပါတယ်။

အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ ပဲခူးတိုင်း တရားလွှတ်တော်ကနေ ၂ဝ၁၇ ခုနှစ်မှာ မြေစာရင်းဌာနက ဦးမင်းရွှေကို အမှု ၃ မှုနဲ့ ထောင်ဒဏ် ၇ နှစ်၊  ၂ဝ၁၈ ခုနှစ်မှာ မြေစာရင်းဌာနက ဦးလပြည့်ဝန်း(ခ)ဦးမောင်မောင်ကို အမှုပေါင်း ၇ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့ဖူးပါတယ်။

ဓာတ်ပုံ - ဦးသန့်ဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013