DVB Logo
Home
မြန်မာသတင်း
ရခိုင်အကြံပေးအဖွဲ့ အပြီးသတ်အစီရင်ခံစာ တင်သွင်း
DVB
·
August 17, 2018
ရခိုင်အကြံပေးအဖွဲ့ အပြီးသတ်အစီရင်ခံစာ တင်သွင်း
Donate to DVB

ဒေါက်တာဆူရာကီရတ် aခါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီအကြံပေးအဖွဲ့က အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်သွင်းလိုက်ပါတယ်။

အစီရင်ခံစာမှာ အကြံပြုချက်အားပေါင်း ၂၅ ချက်လောက်ပါရှိတယ်လို့ အကြံပေးအဖွဲ့ဝင် မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက  မနေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်း ပြောပါတယ်။

“အကြံပြုချက်အားလုံးပေါင်းကတော့ ၂၅ ချက်လောက် ရှိပါတယ်။ ရခိုင်ပြည်နယ်က ပြဿနာကို ဖြေရှင်းဖို့ဆိုတဲ့ အကြံပြုချက်တွေ အမျိုးမျိုးရှိနေတော့အပြင်ကနေ ဖိအားပေးတဲ့ ပုံစံမျိုးကိုလည်း နိုင်ငံတော်က လက်မခံချင်ဘူးပေါ့နော်။ အများ လက်ခံနိုင်တဲ့ အနေအထား တခုကို ရှာရတဲ့နေရာမှာဆိုရင် ကျနော်တို့ရဲ့ တင်ပြချက်မှာ ထူးခြားတဲ့ အချက်လေး နှစ်ချက် အဆင်ပြေသွားတယ်လို့ သုံးသပ်ပါတယ်။”

အစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ်ထဲ စံပြမြို့နယ် တစ်ခုတည်ဆောက်ရေး ရှေ့ပြေးစီမံကိန်းကို ဆက်လုပ်ရန်၊ ရှေ့ပြေးစီမံကိန်းမှာ အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း ပူးပေါင်းပါဝင်ရန်၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုနဲ့  ရွေ့လျားဆေးခန်း ဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ်နေ အသိုင်းအဝိုင်းများအကြား အချင်းချင်း ဆွေးနွေးမှုပြုလုပ်ရန် စတာတွေ အကြံပြုထားပါတယ်။

အဲဒီရှင်းလင်းပွဲမှာ အကြံပေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆူရာကီရတ် ဆာသီရာထိုင်း ဦးဆောင်တဲ့အဖွဲ့က နိုင်ငံတော်ကို တင်ပြမယ့် အကြံပြုချက်တွေ ပါဝင်တဲ့ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်တာနဲ့ ပတ်သက်လို့ ရှင်းပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့ တိုးတက်ဖြစ်ထွန်းမှု များစွာရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာအတွင်း အကြံပေးဘုတ်အဖွဲ့ကို ဖွဲ့စည်းပြီးချိန်ကတည်းက အကြံပေးအဖွဲ့ရဲ့ အကြံပြုချက် အားလုံးကို အကောင်အထည်ဖော်ဆောင်ပြီး ဖြစ်တယ်လို့ ဒေါက်တာ ဆူရာကီရတ်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ဇန်နဝါရီလနောက်ပိုင်း အပြုသဘောဆောင်တဲ့ တိုးတက်ဖြစ်ထွန်းမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်။ ဥပမာ ရခိုင်ပြည်နယ်သို့ မီဒီယာတွေကို ပိုမိုသွားရောက် ခွင့်ပြုခဲ့သကဲ့သို့ ရခိုင်ပြည်နယ်သို့ သံတမန်အဖွဲ့တွေ၊ အကြံပေးဘုတ်အဖွဲ့ဝင်တွေရဲ့ သွားရောက် လည်ပတ်မှုတွေ ပိုမိုရှိလာခဲ့တယ်။”

ဒါ့အပြင်  မြန်မာနဲ့ ကုလသမဂ္ဂအေဂျင်စီ UNDP နဲ့ UNHCR တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာနဲ့ ကုလသမဂ္ဂအထူးသံတမန်ကို လက်ခံခဲ့တာ အပါအဝင် မြန်မာနဲ့ ကုလသမဂ္ဂအဖွဲ့ကြား ဆက်ဆံရေး တိုးတက်လာခဲ့သလို သိသာထင်ရှားသော ဆောင်ရွက်ချက် တရပ်ကတော့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒေါက်တာ ဆူရာကီရတ် ခေါင်းဆောင်တဲ့ အကြံပေးအဖွဲ့ဟာ သြဂုတ် ၁၆ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဌာနကို သွားရောက်ပြီး ရခိုင်အရေးဆိုင်ရာ အကြံပြုချက်တွေ ပါဝင်တဲ့ အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013