DVB Logo
Home
မြန်မာသတင်း
မြို့ ၄ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ
DVB
·
August 17, 2018
မြို့ ၄ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ
Donate to DVB

ဘားအံ၊ မဒေါက်၊ ငသိုင်းချောင်းနဲ့ သာပေါင်းမြို့တွေမှာ ဒီနေ့ မြန်မာစံတော်ချိန်မနက် ၆ နာရီခွဲတိုင်းတာချက်အရ မြစ်ရေတွေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေ တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၇၀ ကနေ ၁၁၃၉ စင်တီမီတာ၊ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅၀ ကနေ ၈၈၂ စင်တီမီတာ၊ င၀န်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၁၆၀ ကနေ ၁၁၆၆ စင်တီမီတာနဲ့ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၂၀ ကနေ ၆၃၈ စင်တီမီတာအထိ အသီးသီး ကျော်လွန်နေတယ်လို့ ဆိုပါတယ်။

စိုးရိမ်ရေမှတ်ရောက်ဖို့ နီးစပ်နေတဲ့ မြို့တွေကတော့ ဟင်္သာတ၊ ဇလွန်၊ ရွှေကျင်၊ ပဲခူး၊ ပုသိမ်၊ မအူပင်နဲ့ ဘီးလင်းမြို့တို့ဖြစ်ပါတယ်။

စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေတဲ့ မြို့တွေရဲ့ မြစ်ကမ်းအနီးနေသူတွေနဲ့ မြေနိမ့်ပိုင်းနေသူတွေ သတိပြုနေထိုင်ကြဖို့ အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013