DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေး စံချိန်တင် မြင့်တက်နေသည့်ကိစ္စ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လုပ်ငန်းရှင်များ တွေ့ဆုံမည်
DVB
·
August 17, 2018
ဒေါ်လာဈေး စံချိန်တင် မြင့်တက်နေသည့်ကိစ္စ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လုပ်ငန်းရှင်များ တွေ့ဆုံမည်
Donate to DVB

မြန်မာပြည်တွင်းမှာ လက်ရှိဒေါ်လာဈေးတွေ စံချိန်တင် မြင့်တက်နေတာနဲ့ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ သြဂုတ်လကုန်ပိုင်းမှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။

သြဂုတ် ၁၆ ရက်က ပြုလုပ်တဲ့ ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ဖို့ ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာတွေရဲ့ မေးမြန်းချက်ကို အခုလို ပြန်လည်ဖြေဆိုတာပါ။

“အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်၊ ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေရယ်၊ စီးပွားရေးဝန်ကြီးဌာနတွေရယ် အမြဲမပြတ် ဆွေးနွေးနေတယ်။ နောက် ဒီလနောက်ပိုင်းမှာ စီးပွားရေးနယ်ပယ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံးနဲ့ အတိုင်ပင်ခံနဲ့ တွေ့ဖို့ရှိပါတယ်။ အဲဒါလည်း စီစဉ်နေတယ်။ ဆိုလိုတာက အစိုးရအပိုင်းက ပေါ်လစီကို ထိန်းညှိတဲ့အပိုင်း၊ လုပ်ငန်းရှင်တွေအပိုင်းက စီးပွားရေးနဲ့ပတ်သက်လို့ လူးသာလွန့်သာဖြစ်အောင် လုပ်ရမယ့်အပိုင်း၊ တချိန်ထဲမှာပဲ ကျနော်တို့ဆီကို စီးပွားရေးနဲ့ပတ်သက်တဲ့ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေက အကြံဉာဏ်တွေ ရနေပါပြီ။ ဒါကို အတိုင်ပင်ခံရော၊ သမ္မတကြီးရော၊ စီးပွားရေးဆိုင်ရာတာဝန်ရှိသူတွေရော ပူးပေါင်းညှိနှိုင်းပြီး အကောင်းဆုံးဖြစ် အောင်ဆောင်ရွက်နေပါတယ်"လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဗဟိုဘဏ်က ရည်ညွန်းငွေလဲလှယ်နှုန်းဘောင် သတ်မှတ်ချက်ကို သြဂုတ် ၁၃ ရက်က စတင်ပယ်ဖျက်လိုက်ပြီးနောက် လက်ရှိ ပြည်တွင်းမှာ မြန်မာကျပ်ငွေနဲ့ အမေရိကန် ဒေါ်လာလဲလှယ်နှုန်းဟာ ၁ ဒေါ်လာကို ၁၅၀၀ ကျပ်ကျော်ထိ စံချိန်တင် မြင့်တက်နေတာ ဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013