DVB Logo
Home
မြန်မာသတင်း
ယိုင်နဲ့နေသည့် ပုဂ္ဂလိက ပုံနှိပ်မီဒီယာများ စကားဝိုင်း ဆွေးနွေး
DVB
·
August 16, 2018
ယိုင်နဲ့နေသည့် ပုဂ္ဂလိက ပုံနှိပ်မီဒီယာများ စကားဝိုင်း ဆွေးနွေး
Donate to DVB

ယိုင်နဲ့နေတဲ့ ပုဂ္ဂလိက ပုံနှိပ်မီဒီယာများ စကားဝိုင်း ဆွေးနွေးပွဲကို သြဂုတ် ၁၅ ရက်က ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးမှာ ကျင်းပပါတယ်။

မြန်မာပြည်တွင်း ပုံနှိပ်မီဒီယာလောက နေ့စဉ်ထုတ်သတင်းစာတွေ၊ ဂျာနယ်တွေရဲ့ ဝါရင့် အယ်ဒီတာတွေ ဖြစ်တဲ့ ဦးဇော်သက်ထွေး၊ ဦးမာဂျေ၊ ဦးကျော်မင်းဆွေ၊ ဦးကိုကိုနဲ့ ဒေါက်တာသာထွန်းဦးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြတာပါ။

အစိုးရအနေနဲ့ ပုံနှိပ်မီဒီယာတွေ အဓိက ရင်ဆိုင်နေရတဲ့ အခွန်အရပ်ရပ်ကို ဖြေလျော့ပေးနိုင်မယ်ဆိုရင် ပုံနှိပ်မီဒီယာတွေအနေနဲ့ အနည်းငယ် အသက်ရှူချောင်လာနိုင်မယ်လို့ The Voice ဂျာနယ်က အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။

ပြည်တွင်းမှာ စာပေစိစစ်ရေး ဖျက်သိမ်းခဲ့ပြီးနောက်မှာ ပုဂ္ဂလိက မီဒီယာအခန်းကဏ္ဍ အားကောင်းခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန စာရင်းအရ ဂျာနယ်​ ၄၉၀ စောင် မှတ်​ပုံတင်ထားပြီး သတင်းစာ ၄၂ စောင် မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် မကြာသေးခင်ကာလမှာဘဲ ပြည်မြန်မာ၊ မဇ္ဈိမ၊ သံတော်ဆင့်တို့လို နေ့စဉ်ထုတ် သတင်းစာတွေ ရပ်ဆိုင်းသွားခဲ့သလို ဂျာနယ်ဘက်မှာဆိုရင်လည်း ဧရာဝတီ၊ ပြည်သူ့ခေတ်နဲ့ ယူနတီတို့အပါအဝင် သက်တမ်းရင့် ပုံနှိပ်မီဒီယာတချို့ ရပ်ဆိုင်းသွားခဲ့ရပါပြီ။

မျက်မှောတ်ခေတ်မှာ  ဒစ်ဂျစ်တယ်နဲ့ အွန်လိုင်းမီဒီယာတွေ ခေတ်စားလာတာကြောင့် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့ကြတဲ့ ပုံနှိပ်မီဒီယာတွေ  မြန်မာနိုင်ငံမှာရော နိုင်ငံတကာမှာပါ ရေရှည် ဆက်လက် ရပ်တည်နိုင်ဖို့ ခက်ခဲလာနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013