DVB Logo
Home
မြန်မာသတင်း
သီဟတင်စိုးအမှုတွင် တိမ်းရှောင်နေသည့် ပွဲစားဒေါ်မြင့်ကို ဖမ်းဝရမ်းထုတ်
DVB
·
August 16, 2018
သီဟတင်စိုးအမှုတွင် တိမ်းရှောင်နေသည့် ပွဲစားဒေါ်မြင့်ကို ဖမ်းဝရမ်းထုတ်
Donate to DVB

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးကို မုဒိမ်းမှုနဲ့ လီဆယ်တိုင်ကြားခဲ့မှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ထွက်ပြေးတိမ်းရှောင်နေတဲ့ ထွန်းတောက်အကျိုးဆောင်လုပ်ငန်းက ဒေါ်မြင့်ကို တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

လီဆယ်တိုင်ကြားမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အိမ်အကူ မခင်မာမြင့်နဲ့ ပွဲစား ဒေါ်ညိုတို့ကို  သြဂုတ်လ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာရုံးထုတ်ရာမှာ  ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

ရုံးထုတ်မှာ ပွဲစားဖြစ်သူ ဒေါ်ညိုရဲ့အာမခံ လျှောက်ထားမှုကို မြို့နယ်တရားရုံးက ပယ်ချခဲ့ပြီး လာမယ့် ရုံးချိန်းကို ဩဂုတ်လ ၂၉ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး နှစ်ကြိမ်မြောက် ရုံးထုတ်အထိ သရုပ်ဆောင် သီဟတင်စိုးဟာ လူမြင်ကွင်းကို ထွက်ပေါ်လာခြင်း မရှိသေးပဲ သြဂုတ် ၁၅ ရက်နေ့ ရုံးထုတ်မှာလည်း သီဟတင်စိုးဇနီး ဒေါ်ဇင်မာဦးလည်း လာရောက်ခြင်းမရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013