DVB Logo
Home
မြန်မာသတင်း
မူးယစ်မှုဖြင့်ဖမ်းထားသည့် အဆို​တော်​ ရသကို ချုပ်ရက်ရမန်ယူ
DVB
·
August 16, 2018
မူးယစ်မှုဖြင့်ဖမ်းထားသည့် အဆို​တော်​ ရသကို ချုပ်ရက်ရမန်ယူ
Donate to DVB

မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အဆို​တော်​ ရသ(ခ) ရဲမင်းသိန်း အပါအ၀င်း ၃ ဦးကို  သြဂုတ် ၁၅ ရက်က မန္တလေး ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ချုပ်​မိန့်​ရမန်​ ရယူပြီး သြဂုတ် ၂၇ ရက်ကို ရုံးချိန်း ပြန်ချိန်းလိုက်ပါတယ်။

ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အောင်စေတနာလမ်း၊ ၄၉ လမ်းနဲ့ လမ်း ၅၀ လမ်းကြားက နန်းထိုက်ပန် ဧည့်ရိပ်မွန်ကို ရဲတပ်ဖွဲ့က သတင်းအရဝင်ရောက် ရှာဖွေခဲ့ရမှာ ရဲမင်းသိန်း(ခ) ရသ၊ မျိုးတင့်နဲ့ ခေမီ(ခ) ဗာတားမီးတို့ကို  စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၅ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ​။

ဖမ်းဆီးခံရတာနဲ့ ပတ်သက်​ပြီး ရဲမင်းသိန်း(ခ) အဆိုတော် ရသကို မေးမြန်းရာနောက်မှ ဖြေကြားပေးသွားမယ်လို့ ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ပြောကြားခဲ့ပါတယ်​။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ကျောက်မဲမြို့နေ ကိုသားကြီး ဆိုသူဆီက အပြား ၂၀၀ ပါ တစ်ထုပ်လျှင် ၈ သောင်းကျပ်နဲ့ ပြန်လည်ဖြန့်ဖြူးရောင်းချဖိုနဲ့ သုံးစွဲဖို့အတွက် ဝယ်ယူခဲ့ကြောင်းစစ်ဆေးပေါ်​ပေါက်​ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်​။

ဒါပေမယ့် ကိုသားကြီး ဆိုသူကို ဖမ်းဆီးရမိခြင်းရှိမရှိတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013