DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တွေ့ဆုံဆွေးနွေး
DVB
·
August 16, 2018
ရခိုင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တွေ့ဆုံဆွေးနွေး
Donate to DVB

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းထားတဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တွေ့ဆုံခဲ့ပါတယ်။

ကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့  ဂျပန်သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်နဲ့ ဦးမြသိန်းတို့ကို မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တာလို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

တွ့ဆုံရာမှာ  ကော်မရှင်အနေနဲ့ ဆောင်ရွက်မယ့် လုပ်ငန်းအစီအစဉ်တွေ၊ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်သတ်မှတ်ချက် အတည်ပြုရေးကိစ္စ၊ ကော်မရှင်ကို အထောက်အကူပြုမယ့်  အတွင်းရေးမှူးရုံးအဖွဲ့ ဖွဲ့စည်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ဖိလစ်ပိုင်သံအမတ်ကြီးခေါင်းဆောင်တဲ့  ၄ ဦး ပါ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အစိုးရက ဇူလိုင် ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို လုပ်ပိုင်ခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေးထားမှာ ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာပါတဲ့ အဖွဲ့ဝင်တွေ ကလည်း အရည်အချင်း ပြည့်စုံသူတွေ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အနေနဲ့ သမာသမတ်ရှိဖို့နဲ့  မြန်မာနိုင်ငံအပေါ် အပြစ်ရှာတဲ့လုပ်ရပ်မျိုးမလုပ်မိဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုနဲ့ သြဂုတ် ၆ က နေပြည်တော်မှာ တွေ့ ဆုံစဉ် ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013