DVB Logo
Home
မြန်မာသတင်း
မမီးမီး ယာဉ်မတော်တဆဖြစ်ခဲ့သည့်နေရာတွင် နားနေဆောင်တခု ဆောက်လုပ်လှူဒါန်းမည်
DVB
·
August 16, 2018
မမီးမီး ယာဉ်မတော်တဆဖြစ်ခဲ့သည့်နေရာတွင် နားနေဆောင်တခု ဆောက်လုပ်လှူဒါန်းမည်
Donate to DVB

၈၈ မျိုးဆက်​​ကျောင်းသူ၊ ၈၈ မျိုးဆက်​ (ငြိမ်းချမ်း​ရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့ဝင်​ဖြစ်​တဲ့ ​ဒေါ်သင်းသင်း​အေး ​ခေါ် မမီးမီး ယာဉ်​မ​တော်​တဆဖြစ်​ပွားခဲ့တဲ့ ​နေရာမှာ ခရီးသွားပြည်​သူ​တွေ နားခိုနိုင်​​အောင်​ နား​နေ​ဆောင်​တခု ​ဆောက်​လုပ်​လှူဒါန်းသွားမယ်​လို့ သိရပါတယ်​။

မမီးမီးဟာ သြဂုတ်​ ၁၃ ရက်​​နေ့က ပုသိမ်​မြို့မှ ရန်​ကုန်​အပြန်​ ရန်​ကုန်​-ပုသိမ်​ လမ်းမကြီး မိုင်​တိုင်​ ၇၁ မိုင်​ ၇ ဖာလုံ (၁၁၅ ကီလို) မှာ ယာဉ်​မ​တော်​တဆဖြစ်​ပြီး ​ကျောင်းကုန်း​ဆေးရုံမှာ ​ဆေးကုသမှုခံယူစဉ်​ ကွယ်​လွန်​သွားခဲ့တာပါ။

ကွယ်​လွန်​သွားတဲ့ မမီးမီးကို ရည်​စူးပြီး ​ကျောင်းကုန်းမြို့နယ်​ ၈၈ မျိုးဆက်​ (ငြိမ်းချမ်း​ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ဦး​ဆောင်​ပြီး ​ဆောက်​လုပ်​လှူဒါန်းမယ်​လို့ မမီးမီးရဲ့ ခင်​ပွန်းဖြစ်​သူ ဦးလှမိုးက ​ပြောပါတယ်​။

"မမီးမီးအတွက်​ ရည်​စူးပြီး​ပေါ့​နော်​။ သူ့ရဲ့ ရဲ​ဘော်​ရဲဘက်​​တွေက သူ ယာဉ်​မ​တော်​တဆ ဖြစ်​ပွားခဲ့တဲ့​နေရာမှာ ခရီးသွားပြည်​သူ​တွေ သွားရင်းလာရင်း နားခိုနိုင်​​အောင်​ နားခို​ဆောင်​​လေးတခု ​ဆောက်​လုပ်​လှူဒါန်းမှာ​ပေါ့​နော်​။ အဲ့အတွက်​လည်း ​ကျေးဇူးတင်​ပါတယ်" လို့ မမီးမီးရဲ့ ခင်​ပွန်း ဦးလှမိုးက​ ပြောပါတယ်​။

မမီးမီးဟာ ၁၉၈၈ နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တတ်တတ်ကြွကြွ ပါဝင်ခဲ့သူတဦးဖြစ်ပြီး ၁၉၈၈ ကနေ ၂၀၁၂ ခုနှစ်အတွင်း ထောင်ဒဏ်နှစ်ရှည် ၃ ကြိမ် အကျခံခဲ့ရသူဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပြီး ၂၀၀၈ ခုအတွင်းမှာ တရားမ၀င်အသင်းဖွဲ့စည်းမှု၊ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပျားစေမှု၊ အီလက်ထရောနစ်ပုဒ်မတို့အပါအ၀င် ပုဒ်မအနည်းဆုံး ၅ ခုနဲ့ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရသူလည်းဖြစ်ပြီး၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ အကျဉ်းထောင်က လွတ်မြောက်ခဲ့ပါတယ်။

မမီးမီး ကွယ်လွန်ချိန်မှာ အသက် ၄၇ နှစ်အရွယ် ရှိပြီဖြစ်ပြီး သား ၁ ဦး၊ သမီး ၁ ဦးနဲ့ မြေး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013