DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ၈ နှစ်အတွင်း မူးယစ်တရားခံ ၁၁၀၀ ကျော်ဖမ်းမိ
DVB
·
August 16, 2018
ရခိုင်ပြည်နယ်တွင် ၈ နှစ်အတွင်း မူးယစ်တရားခံ ၁၁၀၀ ကျော်ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ၈ နှစ်တာကာလအတွင်း မူးယစ်ဆေးဝါးမျိုးစုံ ကျပ်သိန်းပေါင်း ၁၉၆၂၆၉၉ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးအမှုပေါင်း ၇၀၀ ကျော် ဖွင့်လှစ်အရေးယူနိုင်ခဲ့ကာ တရားခံ  အယောက် ၁၁၀၀ ကျော် ဖမ်းမိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၁ ခုနှစ်မှ ၂၀၁၈ သြဂုတ် ၁၃ ရက်အထိ စိတ်ကြွဆေးပြား၊ စိတ်ကြွအကြေမှုန့်၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း၊ အယ်ပရာဇိုလမ် ဆေးပြား၊ ဒိုင်ရာဇီပမ်၊ ဒိုင်ရာဇီပမ် ထိုးဆေး၊ မော်ဖင်းထိုးဆေး အပါအ၀င် မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၉၆၂၆၉၉ ဒသမ ၇၂၉ သိန်းဖိုး ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၇၂၅မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ကာ တရားခံ ၁၁၄၃ ဦး ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အခု ၂၀၁၈ ခုနှစ် မေလ ၂ ရက်ကနေ သြဂုတ် ၁၃ ရက်အထိတော့ ကျပ်သိန်းပေါင်း ၁၂၅၇၇၃ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါကာလအတွင်း မူးယစ်ဆေးဝါးမျိုးစုံ ဖမ်းဆီးရမိမှုတွေထဲမှာ စိတ်ကြွဆေးပြား (၄၁၉၁၄၃၀) ပြား၊ စိတ်ကြွအကြေမှုန့် (၀.၀၀၃၅) ကီလို၊ ဆေးခြောက် (၁၃.၇၆၈၀၂) ကီလို အပါအ၀င် မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၂၅၇၇၃ ဒသမ ၇၉၅ သိန်းဖိုးတို့ကို သိမ်းဆည်းရမိခဲ့ပြီး အမှုပေါင်း ၉၄မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ကာ တရားခံ ၁၃၂ ဦး ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။

မောင်တော၊ ဘူးသီးတောင်နဲ့  ရသေ့တောင်မြို့နယ်တွေထဲမှာတော့ အခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၄ ရက်အထိ စိတ်ကြွဆေးပြား ၁၁၃၁၄၇၀၁ ပြား၊ စိတ်ကြွ အကြေမှုန့် ၂.၅၉၀၃ ကီလိုနဲ့ ဆေးခြောက် ၀.၁၅၄၉ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း (၈၄) မှု ဖွင့်လှစ် အရေးယူနိုင်ခဲ့ကာ တရားခံ ၁၂၈ ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

နှစ်အလိုက် မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိတဲ့ အမှုအရေအတွက်လည်း တိုးလာနေရာမှာ ၂၀၁၁ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ အမှုအရေအတွက် ၄၀ ရှိရာကနေ ၂၀၁၇ ခုနှစ်အတွင်းမှာ အမှုပေါင်း ၁၆၀၊ အခု ၂၀၁၈ ခုနှစ်အတွင်းမှာတော့  နှစ်မကုန်ခင်မှာပဲ ဖမ်းမိတဲ့ မူးယစ်အမှုပေါင်းက ၁၆၃ မှုရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013