တယောဦးတင်ရီ၏ တယောသင်တန်း လျှောက်ထားနိုင်
DVB
·
August 16, 2018
နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ သုခအလင်း ပညာဒါနကျောင်းမှာ နာမည်ကြီး တယောဆရာ ဦးတင်ရီက ဂီတ(တယော)သင်တန်းဖွင့်လှစ် သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
သင်တန်းကို ဂီတဝါသနာပါတဲ့ ဘယ်သူမဆို လျှောက်ထားနိုင်မှာဖြစ်ပြီး ဝင်ခွင့်အတွက် အင်တာဗျူးဖြေဆို အောင်မြင်သူတွေကိုသာ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။
လာမယ့် သြဂုတ် ၂၈ ရက်၊ အင်္ဂါနေ့မှာ အင်တာဗျူး ဖြေဆိုကြရမှာ ဖြစ်ပြီး တက်ရောက်လိုသူတွေ ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
အသေးစိတ် သိရှိလိုပါက ဖုန်းနံပတ် ၀၉-၄၂၁၀ ၁၉၁၅၀ ကို မနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း စုံစမ်းမေးမြန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။