DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ် အိန္ဒိယကမ်းခြေကို ဖြတ်ကျော်၊ ပဲခူး၊ ကရင်နှင့် မွန်တွင် မိုးကြီးမည်
DVB
·
August 15, 2018
မုန်တိုင်းငယ် အိန္ဒိယကမ်းခြေကို ဖြတ်ကျော်၊ ပဲခူး၊ ကရင်နှင့် မွန်တွင် မိုးကြီးမည်
Donate to DVB

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ မုန်တိုင်းငယ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို  ဖြတ်ကျော်ဝင်ရောက်နေ တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်တယ်။

မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် (၃၅)မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်။

လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ ၉ ပေကနေ ၁၂ ပေခန့် ရှိနိုင်တယ်လို့ မိုးလေ၀သသတင်းမှာ ခန့်မှန်းဖော်ပြထားပါတယ်။

လတ်တလောရေကြီးရေလျှံမှုတွေဖြစ်ပွားနေတဲ့  ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည် နယ်တို့ အပါအ၀င် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး နိုင်ငံ့အနှံ့အပြားမှာ မိုးဆက်လက်ကောင်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013