DVB Logo
Home
မြန်မာသတင်း
ရခိုင်​အ​ခြေစိုက်​သတင်းဌာန(DMG) ရုံး ဖောက်ထွင်းခံရ
DVB
·
August 15, 2018
ရခိုင်​အ​ခြေစိုက်​သတင်းဌာန(DMG) ရုံး ဖောက်ထွင်းခံရ
Donate to DVB

ရခိုင်​အ​ခြေစိုက်​သတင်းဌာနတခုဖြစ်​တဲ့ Development Media Group (DMG) ရုံးကိုသြဂုတ်လ ၁၅ ရက် မနက်က ဖောက်ထွင်းခံခဲ့ရပါတယ်​။

ရခိုင်​ပြည်​နယ်​၊ စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်၊ ပန်းခြံလမ်းရှိတဲ့ အိမ်အမှတ် ၁၅၃ မှာဖွင့်လှစ်ထားတဲ့ Development Media Group (DMG) ရုံးကို​ဖောင်​ထွင်းခံရတာ​ကြောင့် ရုံးမှာရှိတဲ့ကွန်​ပျူတာ​တွေ ကင်​မရာ၊ ဆိုင်​ကယ်​​တွေ ပါသွားတယ်​လို့ အဆိုပါ သတင်းဌာနရဲ့ အမှု​ဆောင်​ဒါရိုက်​တာ ဦး​အောင်​မင်းဦးက​ပြောပါတယ်​။

"ဒီက​နေ့အာရုံတက်​ချိန်​က ​ဖောက်​ထွင်းခံရတာပါ၊ ရုံးမှာအသုံးပြု​နေတဲ့ကွန်​ပျူတာ​တွေ၊ ကင်​မရာ​တွေ၊ ဆိုင်​ကယ်တွေပါသွားတယ်​။ အားလုံးစုစု​ပေါင်းသိန်း ၅၀​ ခန့်​ရှိမယ်​" လို့​ပြောပါ တယ်​။

အခိုးခံရတဲ့ပစ္စည်း​တွေက​တော့ Apple ကွန်ပျူတာ တစ်လုံး၊ Acer ကွန်ပျူတာ နှစ်​လုံး၊ Hp ကွန်ပျူတာ တစ်လုံး၊ iPad Tablet တစ်လုံး၊ Video Camera (Canon အမျိုးအစား) တစ်လုံးနဲ့ ဖုန်းတစ်လုံး (Touch - MPT ဖုန်းအမျိုးအစား)တို့အခိုးခံခဲ့ရတာဖြစ်​ပါတယ်​။

ဒါ့အပြင်​ Kenda Motorcycle ဆိုင်ကယ် အပြာ တစ်စီး၊ Kenda Motorcycle ဆိုင်ကယ် အနီတစ်စီးနဲ့ ကျောပိုးအိတ် နှစ်လုံးဖိနပ်​သုံးရံပါ အခိုးခံရတာထဲမှာပါဝင်​သွားပါတယ်​လို့ ဦး​အောင်​မင်းဦးက​ ပြောပါတယ်​။

"အရင်​ရုံးတုန်းကတခါ အခိုးခံရတယ်​။ အခုတခါက ဒီရုံးကို​ ပြောင်းလာတာ ၂​ လ ကျော်​​လောက်​ပဲ ရှိ​သေးတယ်​။ ပြီး​တော့ အခုရုံးမှာ တံခါး​တွေကလည်း လုံခြုံမှုရှိတယ်​ဗျ၊ အကုန်​ပိတ်​ထားတာ၊ ကျ​နော်​အထင်​​ပြောရင်​ အိမ်​ဝရံတာက​နေ​ကျော်​တက်​ပြီး​ အောက်​ထပ်​ကို ဝင်​ပြီး​တော့ခိုးသွားတာ။ အခုကရုံးမှာလုပ်​​နေတဲ့ ကွန်​ပျူတာ​တွေ ကင်​မရာ​တွေ ဘာမှ မကျန်​လိုက်​​တော့ဘူး"လို့​ပြောပါတယ်​။

အခုလို​ ဖောက်​ထွင်းခံရတာနဲ့ပတ်​သက်​လို့ စစ်​​တွေအမှတ်​ ၁ ရဲစခန်းကိုတိုင်​ကြားထားပြီး သက်​ဆိုင်​ရာ စရဖ၊ SPတို့လည်း အ​ကြောင်းကြားထားတယ်​လို့ အမှု​ဆောင်​ဒါရိုက်​တာ ဦး​အောင်​မင်းဦးက ​ပြောပါတယ်​။

ဒီလိုဖောက်​ထွင်းရတာဟာ လွန်​ခဲ့တဲ့ ၂၀၁၄ ခုနှစ်​တုန်းက တကြိမ်​​ဖောက်​ထွင်း ခံခဲ့ရတာရှိပြီး အဲ့ဒီတုန်းက ​ရေ မော်တာတလုံးအပါအဝင်​၊ ရုံးမှာရှိတဲ့ ပစ္စည်းအချို့ ခိုးယူတာခံခဲ့ ရသလို၂၁၀၅ ခုနှစ်​က Smart ဆိုင်​ကယ်​တစီးနဲ့ပစ္စည်းအချို့အခိုးခဲ့ရတယ်​လို့ အမှု​ဆောင်​ ဒါရိုက်​တာ ဦး​အောင်​မင်းဦးက ​ပြောပါတယ်​။

ရခိုင်​ပြည်​နယ်​စစ်​​တွေမှာ မကြာခဏဆိုသလို ဖုန်းဆိုင်​​တွေ ​နေအိမ်​​တွေ​ ဖောက်​ထွင်း ခံရတာရှိ​ပေမယ့် တရားခံ​တွေကို​တော့ ဖမ်းဆီးနိုင်​တာမရှိပါဘူး။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013