DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၅၀၀ နီးပါး သီပေါသို့ ထွက်ပြေးတိမ်းရှောင်
DVB
·
August 15, 2018
တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၅၀၀ နီးပါး သီပေါသို့ ထွက်ပြေးတိမ်းရှောင်
Donate to DVB

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ ပန်လုံရွာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် ၅၀၀ လောက် သီပေါကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့   သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးက ပြောပါတယ်။

“သီပေါမှာက ၆၃ယောက် ရှိတယ်။ နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှာ ၄၀၀ လောက် ရှိတယ်။ ပန်လုံကနေ မနေ့ညက ရွှေ့လာကြတာပေါ့။ ပန်သပြေရွာမှာလည်း ရှိတယ်။ အားလုံး စုစုပေါင်း ၅၀၀ လောက် ရှိမယ်။”

သြဂုတ် ၁၃ နဲ့ ၁၄ နှစ်ရက်အတွင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တပ်ဖွဲ့နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်နေပြီး ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေ ကြရတာ ဖြစ်ပါတယ်။

ကျောက်မဲမြို့ဇီဝိတ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက မနေ့ကနဲ့ ဒီနေ့ နှစ်ဘက် တိုက်ပွဲဖြစ်နေပြီး ဒီနေ့ တိုက်ပွဲပြင်းထန်တယ်လို့ ပြောပါတယ်။

“မနေ့ညက လက်နက်ကြီး သုံးလုံးပစ်တာမှာ နှစ်လုံး ကွဲတယ်။ တီအန်အယ်လ်အေ ဘက်က ပစ်တယ်။ ဒီနေ့ကတော့ မနက် ၈ နာရီ ၄၅ မိနစ်လောက်ကတည်းက နှစ်ဘက် အပြန်အလှန် ပစ်နေကြတယ်ဗျ၊ဒေသခံတွေကတော့ မနေ့ ညကတည်းက ပြေးကြတာဗျ”

ပန်လုံရွာတကြောမှာ တပ်စွဲထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့နဲ့ တအာင်း ပလောင် ဦးဆောင်တဲ့ မြောက်ပိုင်းတပ်ဖွဲ့တို့ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013