DVB Logo
Home
မြန်မာသတင်း
အမေရိကန် ၁ ဒေါ်လာ ကျပ် ၁၅၀၀ ကျော်ပြီ
DVB
·
August 15, 2018
အမေရိကန် ၁ ဒေါ်လာ ကျပ် ၁၅၀၀ ကျော်ပြီ
Donate to DVB

မြန်မာပြည်တွင်း ဒေါ်လာဈေးအရောင်းအ၀ယ်အတွက် ဗဟိုဘဏ်က ရည်ညွန်း ငွေလဲလှယ်နှုန်း သတ်မှတ်ချက်ဘောင်ကို ပယ်ဖျက်ပြီးနောက် ဒီနေ့မှာတော့ ငွေလဲနှုန်းဟာ  အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁၅၀၀ ကျော်အထိ မြင့်တက်လာပါတယ်။

ပုဂ္ဂလိကဘဏ်တွေကပျမ်းမျှ အမေရိကန်  ၁ဒေါ်လာကို ၁၄၈၀ ကျပ် ကနေ ၁၅၀၀ ကျပ်နဲ့ ဝယ်ယူကြပြီး ၁၅၀၆ ကျပ်အထိနဲ့ ပြန်ရောင်းနေကြတာပါ။

ကမ္ဘောဇဘဏ်ကတော့ ဝယ်ဈေး ၁၄၈၀ ကျပ်၊ ရောင်းဈေး ၁၄၉၈ ကျပ်လို့ မွန်းလွဲ ၁ နာရီခွဲအချိန်မှာ ကြေညာထားပါတယ်။

စီဘီဘဏ်ကတော့ ဝယ်ဈေး ၁၅၀၀ ကျပ်၊ ရောင်းဈေး ၁၅၀၈ ကျပ်လို့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကြေညာထားပါတယ်။

ပြင်ပငွေလဲ ကောင်တာတွေကတော့ ပျမ်းမျှတဒေါ်လာကို ၁၄၉၅ ကျပ်၊ ၁၄၉၇ နဲ့ ဝယ်ယူကြပြီး ၁၅၀၀၊ ၁၅၀၉ ကျပ် လောက်အထိနဲ့ ပြန်ရောင်းနေကြပါတယ်။

ဒီမတိုင်ခင်ကတော့ ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းထက် ဒသမ ၈ ရာခိုင်နှုန်းထဲမှာ အတိုး၊ အလျော့နဲ့ ရောင်းချကြဖို့ ၂၀၁၂ ခုနှစ်ကတည်းက ညွှန်ကြားထားခဲ့တာပါ။

ဒီနေ့ ဗဟိုဘဏ်ရဲ့ ဒေါ်လာဈေး သတ်မှတ်ချက်ကတော့ တဒေါ်လာကို ၁၄၇၅  ကျပ်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအစိုးရ တာဝန်စတင်ယူတဲ့ ၂၀၁၆ ဧပြီလက ၁ဒ်ါလာကို ၁၁၈၃ ကျပ်ကျော်နှုန်းရှိရာကနေ ၂၀၁၈ သြဂုတ်လမှာ ၁၅၀၀ ကျပ်ထိ  အမြင့်ဆုံးကို ရောက်ရှိလာခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013