DVB Logo
Home
မြန်မာသတင်း
ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ပုသိမ်မြို့တော်ခန်းမတွင် ကျင်းပ
DVB
·
August 15, 2018
ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ပုသိမ်မြို့တော်ခန်းမတွင် ကျင်းပ
1 / 8
Donate to DVB

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ဒီကနေ့ မနက် ပုသိမ်မြို့မြို့တော်ခန်းမမှာ ပထမဆုံးအကြိမ် ကျင်းပပါတယ်။

ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက “တိုင်းရင်းသားအားလုံး ဘေးအန္တရာယ်ကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြစ်စေဖို့ ရည်ရွယ်ပြီး အခုလို ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ကျင်းပတာဖြစ်တယ်”လို့ ပြောပါတယ်။

လက်ချည်ပွဲလို့ခေါ်တဲ့ ဝါခေါင်လ ချည်ဖြူဖွဲ့ခြင်းကို ကရင်လူမျိုးတွေရဲ့ ရှေးအစဉ်အလာ ရိုးရာတစ်ခုဖြစ်ပါတယ်။

ကွဲကွာနေတဲ့ဆွေမျိုး ပြန်လည်တွေ့ဆုံရေး၊ မိသားစုတွေ ပြန်လည်စုစည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မာရေး၊ ရိုးရာယဉ်ကျေးမှုတွေ မပျောက်ကွယ်ဖို့၊ ကရင်လူမျိုးတွေ ကမ္ဘာတည်သရွေ့ ရပ်တည်ခိုင်မာစေရေးတို့အတွက် ရှေးကရင်လူကြီးတွေက သားစဉ်မြေးဆက် လိုက်နာကျင်သုံးဖို့ ထားရစ်ခဲ့တဲ့ ရိုးရာအစဉ်အလာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013