DVB Logo
Home
မြန်မာသတင်း
အဆို​တော်​ ရသ အပါအဝင် ၃ ဦး မူးယစ်​ဆေးဝါးများနဲ့အတူ ဖမ်းဆီးရမိ
DVB
·
August 15, 2018
အဆို​တော်​ ရသ အပါအဝင် ၃ ဦး မူးယစ်​ဆေးဝါးများနဲ့အတူ ဖမ်းဆီးရမိ
Donate to DVB

အဆိုတော်ရသ အပါအဝင် သုံးဦးကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က တည်းခိုခန်းတခုမှာ စိတ်ကြွဆေးပြားတွေနဲ့အတူ မနေ့ ညနေပိုင်းက ဖမ်းဆီးခဲ့ပါတယ်။

ချမ်းမြသာစည်မြို့နယ်၊ အောင်စေတနာလမ်း၊ ၄၉ လမ်းနဲ့ လမ်း ၅၀ လမ်းကြားက နန်းထိုက်ပန် တည်းခိုခန်းမှာ သြဂုတ် ၁၄ ရက်၊ ညနေ ၃ နာရီကျော်လောက်က သတင်းအရ မူးယစ်ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေခဲ့တာပါ။

ရှာဖွေရာမှာ ရဲမင်းသိန်း(ခ) ရသ၊ မျိုးတင့်နဲ့ ခေမီ(ခ) ဗာတားမီးတို့ သုံးဦးကို ကုတင်ဘေး စားပွဲခုံငယ်ပေါ်က မူးယစ်ဆေးဝါးသုံးတဲ့ ပိုက်တွေနဲ့အတူတွေ့ရပြီး ပလပ်စတစ် ကပ်ခွာအိပ်နဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၅ ပြား သိမ်းဆည်းရမိပါတယ်။

ဒီဆေးပြားတွေဟာ ကာလတန်ဖိုး ကျပ်သိန်း ၅၀ လောက် တန်ဖိုးရှိတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိတယ်လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ကျောက်မဲမြို့နေ ကိုသားကြီးဆိုသူဆီက အပြား ၂၀၀ ပါ တထုပ်ကို  ၈၀,၀၀၀ ကျပ်နဲ့ ပြန်လည်ဖြန့်ဖြူးရောင်းချဖို့နဲ့ သုံးစွဲဖို့ ဝယ်ယူခဲ့တာလို့လည်း စစ်ဆေးသိရှိရတယ်လို့ ဆိုပါတယ်။

ဒါနဲ့ ပတ်သက်ပြီး  ရဲမင်းသိန်း(ခ) အဆိုတော် ရသပါ သုံးဦးကို ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများဥပ​ဒေ ပုဒ်​မ ၁၉(က)/၂၁ တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013