DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲစနစ် ပြင်ဆင်ရေးထက် ရွေးကောက်ပွဲစနစ်ကျရန် တိုက်တွန်း
DVB
·
July 29, 2012
Donate to DVB

ဒီမိုကရေစီမိတ်ဆွေပါတီများကနေ ရွေးကောက်ပွဲစနစ်ပြုပြင်ရေးနဲ့ နိုင်ငံရေး အုပ်စုများကို သူတို့ရရှိတဲ့ ဆန္ဒမဲ အနည်းအများလိုက် လွှတ်တော်မှာ ကိုယ်စားပြုပါဝင်စေမယ့် အချိုးကျကိုယ်စားပြုစနစ် လုပ်ဆောင်နိုင်ဖို့ကို မနေ့က ကြေညာချက် သဘောထားထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ လူထုကနေ မဲအများဆုံးပေးပြီး လွှတ်တော်ကိုယ်စားလှယ် ကို ရွေးကောက် တင်မြောက်တဲ့စနစ်ဟာ မဲဆန္ဒရှင်တွေ အားလုံးရဲ့ ဆန္ဒကို ကိုယ်စားမပြုနိုင်ဘူး။ တိကျမှန်ကန်စွာ ထင်ဟပ်ဖော်ပြနိုင်တာ မရှိဘူးလို့လည်း ဒီမိုကရေစီမိတ်ဆွေပါတီတွေက သဘောထားထုတ်ပြန်ပါတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင် ကတော့ ရွေးကောက်ပွဲစနစ်ပြုပြင်တာထက် ရွေးကောက်ပွဲ မဲပေးပုံစနစ် ရှင်းလင်းလွယ်ကူအောင် လုပ်ဖို့ အရေးကြီးတယ်လို့ ရှင်းလင်း ပြောဆိုပါတယ်။

“မဲပေးတဲ့စနစ်တွေ မသန့်ရှင်းတဲ့ဟာတွေပေါ့ဗျာ။ ဥပမာ အခု မဲပေးတဲ့စနစ်မှာ ကြံ့ဖွံ့အစိုးရကနေ ၂၀၁၀ ရွေးကောက်ပွဲမှာ (ကြိုတင်မဲပုံစံ)လုပ်သွားတဲ့ဟာမျိုးတွေ မဖြစ်အောင်၊ မတရားမှုတွေ၊ မသန့်ရှင်းမှုတွေ ဒါတွေကို ဖယ်ရှားဖို့အတွက် မဲပေးစနစ်တွေကို ပိုပြီး ရှင်းလင်းလွယ်ကူအောင် ပြင်ဆင်ဖို့သာ လိုလိမ့်မယ်လို့ ထင်ပါတယ်။”

သမ္မတဦးသိန်းစိန်ဟာ အခုရက်ပိုင်းမှာ နိုင်ငံရေးပါတီတွေ ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့တွေ ဖွဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ပြည်ပရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံနေတဲ့ အပေါ်ကိုလည်း ဦးဝင်းတင်က အခုလို သုံးသပ်ပြောဆိုပါတယ်။

“ဒါကတော့ ပြောရခက်သား၊ သူတို့ရဲ့ကိစ္စတွေ အတွင်းသဘောထားတွေကို မပြဘဲနဲ့ စစ်တိုက်သလိုပေါ့ဗျာ၊ စစ်တိုက်တဲ့စရိုက်တွေက ပါနေတဲ့အခါကျတော့၊ စစ်တိုက်တယ်ဆိုတာက ထိုးစစ်ကြီး ထိုးနေလို့မရဘူးပေါ့၊ တခါတလေကျတော့လည်း အနားသားလေးလည်း ဖြိုတာ၊ ဟိုဘက်ကကွေ့ပြီး ပြန်တိုက်တာတို့၊ ဒီလိုမျိုးသဘောတွေ၊ လက္ခဏာတွေ အများကြီးတွေ့တယ်လို့ ကျနော်ထင်တယ်။ အခု နိုင်ငံရေးကိစ္စတွေ စဉ်းစားတဲ့အခါမှာလည်း သူတို့ပါတီရဲ့ ရှေ့အလား အလာရော၊ မြန်မာပြည်နိုင်ငံရေး ရှေ့အလားအလာရော စဉ်းစားတဲ့အခါမှာ သူတို့ရဲ့အတွေးအခေါ်တွေဟာ အဲလိုမျိုးအနေအထားတွေမှာ တည်နေတယ် ရှိနေတယ်လို့ ကျနော်ထင်တယ်။ အဲဒါတွေရဲ့ ရိုက်ခတ်ချက်တွေ၊ ထင်ဟပ်ချက်တွေ ရှိနေတယ်လို့ ကျနော်ကတော့ သဘောရတယ်။”

ဒီမိုကရေစီမဟာမိတ်များပါတီမှာ ချင်းအမျိုးသားပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒိမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ အမျိုးသားဒီမိုကရေစီအင်းအားစု၊ ညီညွတ်ရေးနဲ့ ငြိမ်းရေး ပါတီတို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013