DVB Logo
Home
မြန်မာသတင်း
အမှုသည်ထံမှ လာဘ်ငွေယူခဲ့သည့် တရားလွှတ်တော်ရှေ့နေကို အရေးယူ
DVB
·
August 15, 2018
အမှုသည်ထံမှ လာဘ်ငွေယူခဲ့သည့် တရားလွှတ်တော်ရှေ့နေကို အရေးယူ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်က တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေး ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးဟာ အမှုသည်ထံမှ ငွေကြေး/ပစ္စည်းလက်ဆောင် တောင်းယူပြီး အမှုပြီးဆုံးအောင် ဆောင်ရွက်မပေးတဲ့ကိစ္စကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ အရေးယူပေးဖို့ တိုင်ကြားခဲ့တာတဲ့အမှုဖြစ်ပါတယ်။

တိုင်ကြားစာအရ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ လက်ပံတန်းမြို့၊ မင်းရပ်ရပ်ကွက်နေ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးဟာ လက်ပံတန်း မြို့နယ်တရားရုံးရဲ့ ဇာရီမှုအမှတ် ၂၀/၂၀၁၆၊ ၂၁/၂၀၁၆ အမှုလိုက်ပါ ဆောင်ရွက်ရာ အမှု အနိုင်ရဖို့အတွက် အမှုသည်ထံက ၂၀၁၇ ဒီဇင်ဘာလမှ ဇွန် ၆ ရက်နေ့အတွင်း ငွေကျပ် ၁၂၉၀ဝ၀ဝနဲ့ လက်ဆောင်ပစ္စည်းတွေ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

စစ်ဆေးချက်အရ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ အရ အရေးယူဆောင်ရွက်ဖို့ လက်ပံတန်းမြို့နယ်၊ မြို့မရဲစခန်းမှာ သြဂုတ်လ ၁၄ ရက်က ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013