DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာအလုပ်သမားများအရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆွေးနွေး
DVB
·
August 15, 2018
ထိုင်းရောက် မြန်မာအလုပ်သမားများအရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆွေးနွေး
1 / 7
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အခွင့်အလမ်းတွေ ကာကွယ်မြှင့်တင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာ မွတ်ဝီနိုင်းတို့ တွေ့ဆုံဆွေးနွေးပါတယ်။

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှု ထူထောင်တဲ့နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ဖို့ မြန်မာနိုင်ငံသို့ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာလို့  နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

တွေ့ဆုံရာမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေးနဲ့ လူမှု-ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၊ ထိုင်းရောက် မြန်မာနိုင်ငံသား အလုပ်သမားများ အခွင့်အလမ်းများ ကာကွယ်မြှင့်တင်ရေး၊ နယ်စပ်ဒေသတလျှောက်ရှိ ပြည်နယ်များအကြား ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးတို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းနေမှုတွေကို အထောက်အကူပြုရေးအတွက် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံ စံပြကျေးရွာတွေ တည်ဆောက်ရေး၊ ပြည်သူအချင်းချင်းအကြား ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ရေလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာအလုပ်သမားတွေရဲ့ စွမ်းရည် မြှင့်တင်ရေးအတွက် အသက်မွေးမှုပညာ သင်တန်းကျောင်းတွေ ဖွင့်လှစ်ရေး စတာတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား သံတမန် ဆက်သွယ်မှု ထူထောင်တဲ့ နှစ်‌ ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကိုလည်း မနေ့ညနေက နေပြည်တော်ရှိ M-Gallery Hotel ဧရာဝတီခန်းမမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံဟာ သန်းချီတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်အကိုင် အခွင့်အလမ်းနဲ့ အတွေ့အကြုံတွေ ပေးအပ်နေတယ်၊ အပြန်အလှန်အားဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေတယ်လို့ ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာရေဘေးအတွက် ထိုင်းနိုင်ငံက နည်းပညာရှင်တွေနဲ့ လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးကူညီခဲ့သလို ဘတ်သုံးသန်း လှူဒါန်းခဲ့တဲ့အပေါ် ကျေးဇူးတင်ရှိပါကြောင်းနဲ့ မြန်မာအနေနဲ့လည်း  ထိုင်းနိုင်ငံမှာ ကျောင်းသား ၁၃ ယောက် ဂူထဲက ကယ်ဆယ်တဲ့ လုပ်ငန်းတွေမှာ စိတ်ရင်းစေတနာအမှန်နဲ့ ကူညီပူးပေါင်း ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်ရဲ့ ၉ ကြိမ်မြောက် အစည်းအဝေးကိုလည်း ကျင်းပခဲ့ပြီး အစည်းအဝေးမှာ နှစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုကို ၅ နှစ်အတွင်း နှစ်ဆ တိုးမြှင့်ရေး၊ ဒုတိယမြောက် ချစ်ကြည်ရေးတံတား ဆောလျင်စွာ ဖွင့်လှစ်ရေး၊ ခရီးသွားလုပ်ငန်း တိုးမြှင့်ရေးကိစ္စတွေ အပါအဝင် ဘက်စုံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ-State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013