DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်က ရေဘေးသင့် ရွှေ့ပြောင်းလုပ်သားများ ကူညီထောက်ပံ့မှုမရ
DVB
·
August 15, 2018
ကရင်ပြည်နယ်က ရေဘေးသင့် ရွှေ့ပြောင်းလုပ်သားများ ကူညီထောက်ပံ့မှုမရ
1 / 3
Donate to DVB

ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသက ရေဘေးသင့် ရွှေ့ပြောင်းလုပ်သားတွေဟာ အိမ်ထောင်စုစာရင်း (ပုံစံ-၁၀)မရှိတဲ့လို့ အစိုးရရဲ့ ကူညီထောက်ပံ့မှုတွေ မရရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂၂ ရက်ကစပြီး ကရင်ပြည်နယ်အတွင်း မြို့နယ် ၆ မြို့နယ်မှာ ရေကြီးခဲ့တဲ့အတွက် ရေဘေးသင့်ပြည်သူတွေကို အစိုးရနဲ့ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေက ထောက်ပံ့ ကူညီပေးနေတယ်​။

ဒါပေမယ့် ကရင်ပြည်နယ်ကို လာရောက်ပြီး ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်နေတဲ့ ပြည်သူတွေအနေနဲ့ တာဝန်ရှိသူတွေရဲ့ ထောက်ပံ့ကူညီမှုတွေ မရရှိဘူးလို့ ရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။

ကော့ကရိတ်မြို့နယ်၊ ကော့လျမ်းကျေးရွာနေ ကိုဆန်းထွဋ်က “အခက်အခဲတွေကတော့ ရွှေ့ပြောင်းတွေ ဆိုတော့ တနေ့လုပ်မှ တနေ့စားရတာ။ ပြီးခဲ့တဲ့ရက်က ရတဲ့ဟာလေးနဲ့ ချွေတာပြီး စားကြတယ်။ ချေးငှားစားရတယ်။ ဒီလိုဖြစ်နေတာပေါ့။ အစိုးရပိုင်းက ပေးတာကျတော့ ခွဲခြားထားခဲ့တယ်။ အန်အယ်လ်ဒီပါတီက ပေးတာလည်း ၁၆ အိမ်လောက်ပဲ ရလိုက်တယ်”လို့ ပြောပါတယ်။

ရေဘေးသင့် ရွှေ့ပြောင်းလုပ်သားအများစုဟာ ကော့ကရိတ်မြို့နယ်၊ ကော့လျမ်းကျေးရွာအုပ်စုနဲ့ ကမ်းနီအုပ်စုအတွင်းမှာ အိမ်ထောင်စု ၂၀၀ ခန့်ရှိပြီး၊ ရေဘေးကာလအတွင်း အိမ်ထောင်စုစာရင်းမရှိတဲ့အတွက် ပြည်နယ်အစိုးရရဲ့ ထောက်ပံ့ကူညီမှုမရရှိတဲ့အပြင်အန်အယ်လ်ဒီပါတီက ပါတီဝင်မိသားစုဝင်တွေ လာရောက်ထောက်ပံ့ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Youth Social Group အသင်းကဦးဆောင်ပြီး မုံရွာမြို့က ရဟန်းရှင်၊ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ Mind 0f Light (MFL)အသင်း၊ We Are Victims ပရဟိတအသင်း၊ FLYMY A ကုမ္ပဏီတို့ စုပေါင်းပြီး ကော့ကရိတ်မြို့နယ်၊ ဘားဘုတ်ကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၆ ရွာက ရေဘေးသင့် အိမ်ထောင်စုဝင် ၅၀၀ ဦးကို ဆန်၊ ရေသန့်၊ ရေသန့်ဆေး စားသောက်ဖွယ်ရာမျိုးစုံ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

Youth Social Group(Y.S.G) အသင်းတာဝန်ခံ ကိုမျိုးသီဟက” ဒေသခံတွေက ပြောတယ်။ သူတို့ဆီ ပရဟိတအဖွဲ့အစည်းတွေ တခါမှ လာမလှူဘူး။ ဒါ ပထမဆုံးအကြိမ် လှူဒါန်းတာတဲ့။ တချို့ဆို မျက်ရည်တောင်ကျတယ်။ အခုထက်ထိလည်း လိုအပ်နေသေးတယ်။ အဲဒီနေရာတွေက ဒေသခံတွေနဲ့ သက်ဆိုင်ရာ လူကြီးမင်းတွေကြားမှာ အချက်အလက် ဒါမှမဟုတ်ရင် ပြတ်တောက်နေလို့ ဖြစ်မယ်”လို့ ပြောပါတယ်။

Youth Social Groupအသင်းအနေနဲ့ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့တဲ့ ပြည်သူတွေကို လိုအပ်တဲ့ကူညီထောက်ပံ့ပေးဖို့ အလှူရှင်တွေထံကတဆင့် လှူဒါန်းပေးနေတာ အခုအကြိမ်အပါအဝင် ၃၅ ကြိမ်ရှိပြီလို့ အသင်းတာဝန်ခံက ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013