DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းစနစ်သစ်ဖြင့် နှစ်ပတ်အတွင်း ကုမ္ပဏီပေါင်း ၁၂၀၀ ကျော်မှတ်ပုံတင်
DVB
·
August 15, 2018
အွန်လိုင်းစနစ်သစ်ဖြင့် နှစ်ပတ်အတွင်း ကုမ္ပဏီပေါင်း ၁၂၀၀ ကျော်မှတ်ပုံတင်
Donate to DVB

အွန်လိုင်းမှတ်ပုံတင်စနစ်နဲ့ သီတင်းနှစ်ပတ်အတွင်းမှာ ကုမ္ပဏီပေါင်း ၁၂၀၀ ကျော်ကို မှတ်ပုံတင်ပေးနိုင်ခဲ့တယ်လို့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အသစ်ထူထောင်တဲ့ ကုမ္ပဏီ ၄၀၀ ကျော်နဲ့ အရင်ရှိပြီးသား ပြန်လည်မှတ်ပုံတင်တဲ့ ကုမ္ပဏီ ၈၀၀ ကျော်တို့ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံး အွန်လိုင်းသီးသန့် အသုံးပြုတဲ့ ရုံးလုပ်ငန်းစနစ်နဲ့ အစိုးရက ဝန်ဆောင်မှုပေးထားတာ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက  ပြောပါတယ်။

အွန်လိုင်းစနစ် စသုံးချိန်မှာ အသုံးပြုသူ များပြားခဲ့တာကြောင့် နည်းပညာပိုင်း အခက်အခဲ ဖြစ်ပေါ်ခဲ့ပေမယ့် လက်ရှိမှာ ပြင်ဆင်ပြီး ကောင်းမွန်စွာ သုံးစွဲနိုင်ပြီလို့ ဆိုပါတယ်။

မြန်မာပြည်မှာ ကုမ္ပဏီပေါင်း ၆၀၀၀၀ ကျော် တည်ထောင်ထားတာကြောင့် ကုမ္ပဏီ ဥပဒေသစ်အရ ခြောက်လအတွင်း ပြန်လည်မှတ်ပုံတင်ရမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အွန်လိုင်းစနစ်သစ်ဖြင့် နှစ်ပတ်အတွင်း ကုမ္ပဏီပေါင်း ၁၂၀၀ ကျော်မှတ်ပုံတင်