DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့တွင် တကျော့ပြန်ရေကြီး ရေဘေးစခန်း ထပ်တိုးဖွင့်လှစ်
DVB
·
August 14, 2018
ဘားအံမြို့တွင် တကျော့ပြန်ရေကြီး ရေဘေးစခန်း ထပ်တိုးဖွင့်လှစ်
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေတိုးလာတဲ့အတွက် မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်တွေ ထပ်မံနစ်မြုပ်နေပါတယ်။

ဘားအံမြို့မှာ ပထမတခေါက် ရေကြီးမှုဖြစ်ပွားခဲ့တုန်းက ကယ်ဆယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ်ထားခဲ့ပြီး ရေပြန်ကျသွားတဲ့အတွက် စခန်းတချို့ပိတ်က ၅ ခု ကျန်နေခဲ့ပါတယ်။

အခုတခါ ရေထပ်မံတိုးလာတဲ့အတွက် မနေ့ကစပြီး ကယ်ဆယ်ရေးစခန်း နောက်ထပ် ၂ ခု ပြန်လည်ဖွင့်လှစ် ပေးထားရတယ်လို့ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က ပြောပါတယ်။

“ရေကတော့ နည်းနည်းပြန်တက်ပါတယ်ခင်ဗျာ။ အနိမ့်ပိုင်းရပ်ကွက်တွေတော့ ရေ၀င်တာ ရှိပါတယ်။ ကျနော်တို့ ပထမ စခန်း ၁၆ ခုမှာ ရေကျသွားတဲ့အခါကျတော့  ပြန်လျော့လိုက်တော့ ၅ ခုပဲ ကျန်ပါတယ်။ အခုရေပြန်တက်တဲ့အတွက်ကြောင့် စခန်း ၇ ခုပေါ့၊ စခန်း ၂ ခု ထပ်တိုးပြီး ဖွင့်လှစ်ထားပါတယ်။”

စာသင်ကျောင်းတွေကတော့ ရေ၀င်တဲ့ကျောင်းကလွဲပြီး ကျန်တဲ့ကျောင်းတွေ ဖွင့်လှစ် ထားပါတယ်။

ဘားအံမြို့မှာ ဒီကနေ့ ညနေ ၃ နာရီအချိန်တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ၈၇၈ စင်တီမီတာ ရှိနေပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာလည်း ဒီကနေ့ ရေအနည်းငယ်ပြန်တက်ပေမယ့် စိုးရိမ်ရေမှတ် မရောက်သေးသလို မြို့တွင်းရေ၀င်တာမရှိသေးဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013