DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်က အိုင်ဒီပီ ဘော်ဒါဆောင် မီးလောင်၊ ကလေးငယ်များအကူအညီလိုအပ်
DVB
·
August 14, 2018
ကချင်ပြည်နယ်က အိုင်ဒီပီ ဘော်ဒါဆောင် မီးလောင်၊ ကလေးငယ်များအကူအညီလိုအပ်
1 / 6
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ စိန်လုံရွာက Holy Rosary ကတ်သလစ်ဘုရားကျောင်းမှာ ဖွင့်လှစ်ထားတဲ့ အိုင်ဒီပီ ကျောင်းဘော်ဒါဆောင် မနေ့ညက မီးလောင်သွားတဲ့အတွက် ကလေးငယ်တွေအတွက် အကူညီလိုအပ်နေပါတယ်။

အဆိုပါ စိန်လုံဘော်ဒါဆောင်မှာ  အနီးအနားဝန်းကျင်ကျေးရွာတွေက ကလေးငယ် ၂၂ ဦး ခိုလှုံနေတာဖြစ်ပါတယ်။

မနေ့ညက မီးလောင်မှုမှာ ကျောင်းဆောင်အပါအ၀င် ကလေးတွေရဲ့ ပစ္စည်းအားလုံး မီးလောင်ပျက်စီးသွားတယ်လို့ စိန်လုံကတ်သလစ်ကျောင်းထိုင် ဘုန်းတော်ကြီး ဖာသာ အောင်ဒန်းက ပြောပါတယ်။

“ဘော်ဒါကတော့ ပြန်သုံးလို့မရတော့ဘူးပေါ့နော်။ လောလောဆယ်တော့ ကလေးတွေရဲ့ မနက်ဖြန်နဲ့ ဒီညနေ၀တ်မယ့် အ၀တ်အစားတွေကအစ လိုနေပြီပေါ့။ သူတို့ရဲ့ဖိနပ်တွေက အစ မိန်ကလေးအသုံးအဆောင်၊ ယောက်ျားလေးအသုံးအဆောင် ကျောင်းသူကျောင်းသားတွေ အားလုံးက ၂၂ ယောက်ရှိတာကို၊ သူငယ်တန်းကနေ ၇ တန်ထိ၊ စစ်ရှောင်ကနေ ပြန်လာတဲ့ မိသားစုတွေက ကလေးတွေရော၊ စစ်ရှောင်ကလေးတွေရောပေါ့လေ။”

အဆိုပါကလေးငယ်တွေဟာ အဲဒီဘော်ဒါဆောင်မှာနေပြီး အစိုးရ ကျောင်းတွေမှာ ကျောင်းတက်ကြတာဖြစ်ပါတယ်။

သူတို့ မနေ့ညက စာသင်ဆောင်မှာ ရှိနေတဲ့အချိန် မီးလောင်မှုခဲ့တာဖြစ်ပြီး ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013