DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ဆန်ဈေးဆက်တက်နေသဖြင့် အိမ်ရှင်မများ မီးဖိုချောင်စရိတ် ပိုသုံးနေရ
DVB
·
August 14, 2018
ရခိုင်တွင် ဆန်ဈေးဆက်တက်နေသဖြင့် အိမ်ရှင်မများ မီးဖိုချောင်စရိတ် ပိုသုံးနေရ
Donate to DVB

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလကတည်းက ဆန်ဈေးတွေ ဆက်တိုက် တက်နေခဲ့ရာမှာ အခု သြဂုတ်လဆန်းပိုင်းအထိ ဆန်ဈေးတွေမကျဘဲ ဆက်လက်မြင့်တက်လာနေပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ  အကောင်းစားဆန်တအိတ်ကို ကျပ် ၃၆,၀၀၀ကနေ့ သြဂုတ်လ ၁၃ ရက်နေ့မှာ ကျပ် ၄၆,၀၀၀ အထိ ဈေးမြှင့်တက်လာနေတယ်လို့ ရခိုင်ပြည်နယ် ဆန်စပါးအသင်းက သိရပါတယ်။

ရခိုင်ပြည်နယ်ဆန်စပါးအသင်း ဥက္ကဋ္ဌ ဦးရွှေထွန်းက “ပေါ်ဆန်းမွှေးကတော့ ၆ လပိုင်းမှာ ဆိုရင် ၃၆၀၀၀ ကနေ ၃၇၀၀၀ ကျပ်လောက်ပဲ ဖြစ်ပါတယ်။ ၇ လပိုင်းမှာဆိုရင် ၄၀၀၀၀ အထက်မှာ ရောက်လာပြီ၊ ၄၂၀၀၀ အဲ့လောက်ထိဖြစ်လာတယ်။ အခု ၈ လပိုင်းမှာ ၄၆၀၀၀ ဖြစ်သွားတယ်။ ဆန်ပေါ်တဲ့အချိန်နဲ့ အခုအချိန်ဆိုရင် ၈၀၀၀ လောက် တက်သွားတယ်။ ဒါက အမြင့်ဆုံးဈေးပေါ့။ ဒီအောက်မှာတော့ ၄၂၀၀၀ -၄၃၀၀၀ရှိမယ်။ ရွှေဘို ပေါ်ဆန်းမွှေးဆိုရင် ၄၆၀၀၀ အထိ မြင့်တက်နေတယ်။ လက်လီမှာတော့ ၄၈၀၀၀ က ၅၀၀၀၀ အထိ ဖြစ်နေတယ်။ ပေါ်တဲ့အချိန်နဲ့ အခုဆိုရင် ၁၀၀၀၀ လောက် ဈေးတက်သွားတဲ့သဘော ရှိတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်က ဆန်းစပါးတွေကို ပြည်မကို အများဆုံး တင်ပို့ နေရတာကြောင့် ရခိုင်က ဆန်းစပါးတွေ လက်ကျန်နည်းသွားလို့ ဆန်းစပါးဈေးတွေ မြင့်လာတာ လို့ဆိုပါတယ်။

အခုလို ဆန်ဈေးတွေ တက်လာနေတာကြောင့် မီးဖိုချောင်စရိတ် ငွေပိုသုံးလာနေကြရတယ်လို့  ရခိုင်ဒေသခံ အိမ်ရှင်မတချို့က ပြောပါတယ်။

အိမ်ရှင်မတဦးဖြစ်သူ ဒေါ်အထွီက "ဆန်ဈေးတက်တာကြောင့် မိသားစု စားဝတ်နေရေး ကျပ်တည်းတာပေါ့။ မီးဖိုချောင်အတွက်လည်း အပိုငွေ သုံးရတယ်လေ။ အရင်တုန်းဆိုရင် ဆန်တပြည်ကို ၁၀၀၀ ကျပ်ပဲ ရှိတယ်။ အခုဆိုရင် ဆန်တပြည်ကို ၂၀၀၀ ဖြစ်သွားတယ်။ ဆန်က ပိုပြီး အသုံးစရိတ်ပိုနေတယ်”လို့ ပြောပါတယ်။

သြဂုတ်လအထိ ဆန်တွေ ဝယ်လိုအား များလာနေပြီး ရောင်းလိုအားက အနည်းငယ်သာ ရှိတဲ့အတွက်ကြောင့် ဒီမိုးရာသီမှာ ဆက်လက်ဆန်ဈေးတွေ ပိုဈေးမြင့်တက်လာနိုင်တယ်လို့ ရခိုင်ပြည်နယ် ဆန်စပါးအသင်း ဥက္ကဋ္ဌ ဦးရွှေထွန်းအောင်က ခန့်မှန်းပါတယ်။

ရခိုင်မှာ စားသုံးသူအများဆုံးဖြစ်တဲ့ ပေါ်ဆန်းမွှေတအိတ်ကို အရင်ကထက် ဈေးနှုန်း ၈၀၀၀ ထိ တက်သွားပါတယ်။ စာပစီလို့ ခေါ်တဲ့ ဆန်က အရင်ဈေး၂၈၀၀၀ ကနေ့ အခု ၃၁၀၀၀ အထိ ဈေးမြင့်တက်သွားပါတယ်။ ဒါ့အပြင် အရင်ကရွှေဝါထွန်း ဆန်တအိတ်ကို ကျပ် ၁၈၀၀၀ ဝန်းကျင်ရှိရာကနေ အခု ၂၂၅၀၀ ကျပ် ဈေးအထိ တက်သွားတက်ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013