DVB Logo
Home
မြန်မာသတင်း
စစ်တပ်က မြေယာသိမ်းထားသဖြင့် တောင်သူများ အခက်တွေ့
DVB
·
July 29, 2012
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိုးမိတ်မြို့နယ် လက်ခုတ်ပင်ရွာမှာ ဒေသခံ ခမရ ၃၄၈ က လယ်ယာမြေ ဧက ၂၀၀ ကျော်ကို သိမ်းဆည်းပြီး လယ်ယာလုပ်ကိုင်ခွင့် မပေးတဲ့အတွက် တောင်သူတွေ အခက်ကြုံနေရတယ်လို့ လယ်သမားအရေး အကူအညီပေးနေတဲ့ ကိုသက်ခိုင်က ပြောပါတယ်။

“လက်ခုတ်ပင်ရွာမှာ ၃၄၈ စစ်တပ်ကနေ သိမ်းပြီး သီးစားချစားနေတာ၊ လွန်ခဲ့တဲ့နှစ်တွေကဆို ၁ ဧကကို ၂ သောင်းခွဲပေးရတာ၊ အဲ့ ၃၄၈ စစ်တပ်က သိမ်းထားတာ ၁၀၅ ဧက ရှိတယ်။ ဒီနှစ်ကျတော့ လုပ်ပိုင်ခွင့်ရော ဆင်းပိုင်ခွင့်ပါ မရှိတော့ဘူး။”

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က ကျောက်လှည်းဘီးရွာမှာလည်း နယ်မြေခံ ခမရ ၂၄၈ ဟာ တောင်သူတွေပိုင် လယ်ယာမြေကို သိမ်းဆည်းပြီး ပုဒ်မ ၁၄၄ ပါထုတ်ပြန်ထားတဲ့အတွက် လက်လုပ်လက်စား တောင်သူတွေ လယ်မလုပ်နိုင်သလို ၀ါးခုတ် မျှစ်ချိုးလည်း မလုပ်နိုင်တော့ဘူးလို့ လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ကိုအေးသိန်းက ပြောပါတယ်။

အလားတူ သပိတ်ကျင်းမြို့နယ်ထဲက လေးမိုင် ကန်သာရွာမှာလည်း နယ်မြေခံ အမှတ် ၂ လေ့ကျင့်ရေးတပ်ကနေ ၂၀၀၉ ခုနှစ်ကတည်းက လယ်ယာမြေကို အတင်းအဓမ္မ သိမ်းဆည်းထားပြီးတော့ ၂၀၁၂ စပါးစိုက် ရာသီမှာ တောင်သူတွေကို လုပ်ပိုင်ခွင့်မပေးတော့ဘူးလို့ ကိုအေးသိန်းက ဆက်ပြောပါတယ်။

ယခင်စစ်အစိုးရနဲ့ နီးစပ်ခဲ့တဲ့ ကုမ္ပဏီတွေ နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေဟာ နိုင်ငံအနှံ့က တောင်သူတွေရဲ့ လယ်ယာမြေတွေကို သိမ်းဆည်းထားတဲ့အတွက် တောင်သူတွေကနေ ဆန္ဒ ဖော်ထုတ်နေကြပါတယ်။ ကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်မှာလည်း တောင်သူတွေ နစ်နာတာတွေကို ဖော်ထုတ်ဖို့ ကော်မရှင်တခု ဖွဲ့စည်းနေပြီလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013