DVB Logo
Home
မြန်မာသတင်း
ကဝမြို့က ဒီရေတက်လာ၍ ကယ်ဆယ်ရေး နေရာများသို့ ပြောင်းရွှေ့
DVB
·
August 13, 2018
ကဝမြို့က ဒီရေတက်လာ၍ ကယ်ဆယ်ရေး နေရာများသို့ ပြောင်းရွှေ့
1 / 3
Donate to DVB

ပဲခူးတိုင်း၊ ကဝမြို့နယ် မမောက်ကျေးရွာ၊ကန်တော်ကျေးရွာနဲ့ တံတားဦးကျေးရွာလမ်းတွေ မနေ့က ညနေ ၃ နာရီကျော်က စစ်တောင်းမြစ်ရေ ရုတ်တရက်မြင့်တက်လာပြီး ရေဝင်လာလို့ ကျေးရွာနေပြည်သူတွေ အရေးပေါ် ကုန်းမြင့်တဲ့ နေရာနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။

ကဝမြို့နယ် ဒေသခံကိုသိန်းဇော်က “မနေ့က ရေက ရုတ်တရက်မြင့်တက်လာတာ၊ ညနေ ၃ နာရီက စလိုက်တာ ၅ နာရီလောက်မှာ ရွာသူ ရွာသားအားလုံး အိမ်တိုင်ခြေမြင့်တဲ့ ဘုန်းကြီးကျောင်းတွေဘက် အမြန် သွားရှောင်နေရတယ်။ ဒီနေ့မနက်ပိုင်း ဒီရေက အရှိန်ပြင်းပြင်း ထိုးတက်လာလို့ ကြက်တွေနဲ့ ဘဲခြံက အကောင်ရေ ၅၀၀ ကျော်ပါသွားတယ်။ အိမ် ၁၅ လုံးရယ် မမောက်စာသင်ကျောင်း စာရေးခုံများအားလုံး ရေထဲမျောပါကုန်ပါတယ်” လို့ ပြောပါတယ်။

ဒီနေ့ ညနေလည်း ရေထပ်တက်နိုင်လို့ ရေဘေးသင့်တွေအားလုံး ကယ်ဆယ်ရေး စခန်းတွေမှာပဲ ရှိနေပါသေးတယ်။

ကဝမြို့၊ မမောက် ကန်တော် တံတားဦး ရွာအိမ်ခြေ ၆၆၇ မှ လူဦးရေ ၂၆၅ဝ ရေဘေးသင့် နေပါတယ်။

ဗိုလ်သူရိန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013