DVB Logo
Home
မြန်မာသတင်း
သုံးခွမြို့နယ်တွင် ပင်လယ်ဒီရေတက်ပြီး တာကျိုး၊ နေအိမ်အချို့ မျောပါပျက်စီး
DVB
·
August 13, 2018
သုံးခွမြို့နယ်တွင် ပင်လယ်ဒီရေတက်ပြီး တာကျိုး၊ နေအိမ်အချို့ မျောပါပျက်စီး
1 / 7
Donate to DVB

ပင်လယ်ဒီရေ အတက်ကြမ်းပြီး တာတွေကျိုးကုန်လို့ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်ထဲမှာ အိမ်တချို့ မျောပါပျက်စီးပြီး တချို့ကို ပြောင်းရွှေ့ပေးနေရတယ်လို့ ကူညီနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မနေ့ညက စလို့ အောင်သာဒါန်းရွာ၊ ထွန်းစိန်အသင်းရွာနဲ့ သာသာမြိုင်ရွာတွေမှာ တာကျိုးပြီး အိမ်တွေကို ပြောင်းရွှေ့နေရတာပါ။

သုံးခွမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုဟိန်းဇော်က “ထွန်းစိန်အသင်းရွာမှာဆိုရင် အပြင်တာက ပေ ၄၀ လောက် ၅ နေရာ ကျိုးသွားတယ်။ အိမ်ခြေ ၁၇ အိမ်ကို ပြောင်းပေးထားတယ်။ လက်ရှိလည်း အဲဒီနေရာမှာ ကယ်ဆယ်ရေး သွားနေတုန်းပဲ။ နောက်ထပ် ပြောင်းရမယ့် အိမ်တွေ ရှိသေးတယ်” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေပြီး အောင်သာဒါန်းရွာမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်ထားပါတယ်။

ထွန်းစိန်အသင်းရွာ ဒေသခံတဦးက “မနေ့က အိမ် ၂ လုံး လှိုင်းနဲ့ မျောသွားတယ်။ ဒီနေ့မနက်ကလည်း ပြိုမှာစိုးလို့ နောက်ထပ် အိမ် ၂ လုံး ဖျက်လိုက်ရတယ်” လို့ ပြောပါတယ်။

ကိုဟိန်းဇော်က “အောင်သာဒါန်းမှာတော့ တာကျိုးတာ ၂ နေရာ။ လယ်သမားတာလို့ ခေါ်တာပေါ့။ အိမ် ၂၅ လုံးကို ရွှေ့ပေးပြီးပြီ။ သာသာမြိုင်မှာလည်း တာကျိုးနေတယ်။ ဒါပေမယ့် အိမ်ကြမ်းခင်း ရေထိတဲ့ အခြေအနေပဲ ရှိတယ်လို့ သိရတယ်။ စက်လှေမရှိတော့ အဲဒီကို ကျနော်တို့ သွားဖို့ ခက်နေတယ်” လို့ ပြောပါတယ်။

နောက်ထပ် သမစိတ္တရွာမှာလည်း အိမ်တွေ နစ်မြုပ်နေတယ်ကြားပေမယ့် ဒေသခံတွေ ခရီးသွားလာဖို့ အခက်အခဲ တွေ့နေပါတယ်။

ဓာတ်ပုံ - ကိုဟိန်းဇော်၊ Diamond Saya

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013