DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမား ၃ ဦး ပစ်ခတ်ခံရပြီးနောက် ကျန်သူများ အလုပ်မဆင်းရဲ
DVB
·
July 27, 2012
မြန်မာအလုပ်သမား ၃ ဦး ပစ်ခတ်ခံရပြီးနောက် ကျန်သူများ အလုပ်မဆင်းရဲ
Donate to DVB

ထိုင်းနိုင်ငံ ဆုံခရာခရိုင် ရာနွတ်ဒေသမှာရှိတဲ့ CPF ပုဇွန်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် ကျန်တဲ့ မြန်မာအလုပ်သမားတွေ အလုပ်မဆင်းရဲကြတော့ဘူးလို့ ပုစွန်စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။

[caption id="attachment_28472" align="alignleft" width="300" caption="သေဆုံးသွားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုထူးနိုင်"][/caption]

ဒီလ ၂၅ ရက်နေ့ မနက်အစောပိုင်းက ရာနွတ်ဒေသမှာရှိတဲ့ CPF ပုစွန်စက်ရုံက မြန်မာအလုပ်သမား ၃ ဦးဟာ အချိန်ပိုအလုပ်ဆင်းပြီး အဆောင်ကို ပြန်ရောက်ချိန် စကားပြောနေတုန်း မျက်နှာဖုံးစွပ် ဆိုင်ကယ်စီး သေနတ်သမား နှစ်ဦးရဲ့ ၀င်ရောက်ပစ်ခတ်မှုကြောင့် မစပယ်ဖြူ (ခေါ်) မအိစံနဲ့ ကိုအောင်အောင်တို့ နှစ်ဦး သေဆုံးသွားခဲ့ပြီး ကိုခင်မောင်ထွန်းကတော့ ဆွန်ခလာဆေးရုံမှာ ကုသမှု ခံယူနေရတယ်။

ဒီလူသတ်မှု အခင်းဖြစ်ပွားခဲ့ပြီးတဲ့ နောက်ပိုင်း ပုစွန်စက်ရုံက မြန်မာအလုပ်သမားတွေ ကြောက်လန့်ကုန်ပြီး အလုပ်မဆင်းရဲကြတော့ဘူးလို့ အလုပ်သမားတဦးက ပြောပါတယ်။

“သူတို့က ပြန်ဆင်းခိုင်းတယ်။ ဒါပေမယ့် မြန်မာပြည်သားအားလုံးက မဆင်းတော့ဘူး။ ဒါက အိမ်မှာထိုင်နေရင်း အလုပ်လွှတ်ချိန်ကြီးဖြစ်တာဆိုတော့ မလုပ်ရဲတော့ဘူးလေ။ လူတွေက ကြောက်နေကြတယ်လေ။ ဘာပြဿနာတစုံတရာမှ မရှိခဲ့ဘဲ ဖြစ်တာဆိုတော့ ပိုကြောက်နေတာ။”

အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား ၃၀၀ လောက်ရှိပါတယ်။ ဒီအခင်းဖြစ်ပွားမှု နောက်ပိုင်း မြန်မာအလုပ်သမားတချို့က သူတို့ကို အလုပ်နေရာ ပြောင်းပေးဖို့ တောင်းဆိုတဲ့အတွက် အလုပ်ရှင်က ၁၅ ယောက်ကို အလုပ်နေရာ ပြောင်းပေးခဲ့ပါတယ်။

ကျန်အလုပ်သမားတွေကလည်း သူတို့ကို အလုပ်ရောပြောင်းပေးဖို့ တောင်းဆိုထားတယ်လို့ အလုပ်သမားအရေး ကူညီပေးတဲ့ ဦးထူးချစ်က ပြောပါတယ်။ ဆွန်ခလာခရိုင်က အလုပ်သမား သေဆုံးမှုရဲ့ အမှုတွေကို စုံစမ်းစစ်ဆေးနေဆဲလို့ သိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ထိုင်းမွန်မြို့နားက ရာဘာခြံမှာ သေနတ်ဒဏ်ရာ ၆ ချက်နဲ့ သေသွားတဲ့ ကိုထူးနိုင်ရဲ့အမှုနဲ့ ပတ်သက်ပြီး တရားခံလို့ ယူဆရသူ ၁ ဦးကို နယ်မြေခံရဲက ဖမ်းဆီးထားတယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။

မနေ့တုန်းကလည်း ဖန်ငခရိုင် ပကွက်ထုံးမြို့နယ်က ရာဘာခြံတခုမှာလည်း အသက် ၄ နှစ်အရွယ် မြန်မာကလေးမလေး ၁ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ အမှု အသေးစိတ်ကို ရဲက လိုက်လံစုံစမ်းဆဲပဲလို့ ဦးထူးချစ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013