DVB Logo
Home
မြန်မာသတင်း
ကလေးစစ်သားဟောင်း အောင်ကိုထွေးအမှု တရားလို ထွက်ချက်များ ကွဲလွဲနေ
DVB
·
August 13, 2018
ကလေးစစ်သားဟောင်း အောင်ကိုထွေးအမှု တရားလို ထွက်ချက်များ ကွဲလွဲနေ
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို ခြေထောက်နဲ့ တက်နင်းခဲ့လို့ ဖမ်းဆီး တရားစွဲခံနေရတဲ့ ကလေးစစ်သားဟောင်း အောင်ကိုထွေးရဲ့အမှု ဒီနေ့ရုံးထုတ်ရာမှာ  တရားလို သက်သေ ဒဂုံဆိပ်ကမ်းမြို့နယ်က မှုခင်းမှတ်တမ်း အရာရှိ ရဲအုပ်ဇော်ဦးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဌေးတို့နှစ်ဦးကို စစ်ဆေးခဲ့ပါတယ်။

ဒီရုံးချိန်းမှာတော့ တရားလိုသက်သေ ထွက်ချက်တွေဟာ တခုနဲ့တခု ကွဲလွဲနေတယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ဒဂုံဆိပ်ကမ်းမြို့နယ်က မှုခင်းမှတ်တမ်းထိန်း ရဲအရာရှိ ရဲအုပ် ကိုဇော်ဦးကို စစ်ဆေးတယ်။ သူ့ရဲ့ စစ်ဆေးချက်မှာလည်း ဖျက်ဆီးမှုဖြစ်တယ်ဆိုတာလည်း ဘာအထောက်အထား မှတ်တမ်းမှတ်ရာနဲ့မှ မတင်ပြနိုင်ဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ကိုကြည်ဌေး ပြောတာက အောင်ကိုထွေးက အချုပ်ကားပေါ်အတက်မှာ ဖွဲ့စည်းပုံစာအုပ်ကို နင်းတာလို့ သူကပြောတယ်။ အဲဒီတော့ တရားလိုလုပ်တဲ့ ရဲတွေရဲ့ ထွက်ချက်နဲ့တော့ ကွဲလွဲနေတာပေါ့” လို့ ပြောပါတယ်။

ဒီအမှုကို မတ်လ ၂၀ ရက်နေ့မှာ ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့တာဖြစ်ပြီး တရားရုံးကိုတော့ မတ်လ ၂၈ ရက်နေ့မှာ တရားစွဲတာဖြစ်ပြီး အခင်းစတင်ဖြစ်ပွားချိန်နဲ့ဆို ၈ ရက်လောက် ကွာနေပါတယ်။ ဒီလို ရက်ကွာခြားနေတာဟာ ကလေးစစ်သားဟောင်း အောင်ကိုထွေးကို နစ်နာစေတယ်လို့ ဦးရော်ဘတ်ဆန်းအောင်က ပြောပါတယ်။

ဖြစ်စဉ်မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ကလေးစစ်သားဟောင်း အောင်ကိုထွေးဟာ ရုံးချိန်းတခုမှ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခြေထောက်နဲ့ တက်နင်းခဲ့တယ်ဆိုပြီး နိုင်ငံတော် အမှတ်တံဆိပ် ဥပဒေပုဒ်မ (၇)နဲ့  မတ်လ ၂၈ ရက်နေ့က တရားစွဲဆိုခဲ့တာပါ။

ဒီအမှုအတွက် တရားလို ဦးမှူးမောင်မောင်က အထက်ရဲ့ ခိုင်းစေချက်ကြောင့် တရားစွဲရတာ ဖြစ်တယ်လို့လည်း ထွက်ဆိုထားတာတွေ ရှိပါတယ်။

တရားလိုသက်အဖြစ် ရှစ်ဦးကိုတင်ပြထားပြီးတော့ လက်ရှိအထိ တရားလိုသက်သေ နှစ်ဦးပဲ ရှိတော့တယ်လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

နောက်ရုံးချိန်းကိုတော့သြဂုတ်လ ၂၁ ရက်နေ့ကို ထပ်မံချိန်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013