DVB Logo
Home
မြန်မာသတင်း
ဒီရေကြောင့် ကျောက်ဖြူတွင် တာကျိုးပေါက်၊ နေအိမ် ၃၀ ခန့် ရေနစ်မြုပ်
DVB
·
August 13, 2018
ဒီရေကြောင့် ကျောက်ဖြူတွင် တာကျိုးပေါက်၊ နေအိမ် ၃၀ ခန့် ရေနစ်မြုပ်
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကလာဘာတောင်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက ဒီရေလှိုင်းတက်လို့ မွေးမြူရေတာတမံတခု ပေ ၃၀  လောက် ကျိုးပေါက်ခဲ့တာကြောင့် နေအိမ် ၃၀ လောက် ရေနစ်မြုပ်ခဲ့တယ်လို့ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။

“မြို့ကာ တာတမံတော့ မဟုတ်ဘူးဗျာ။ အဲဒါ ငါးလုပ်ငန်းဦးစီးဌာနကပိုင်တဲ့ နောဒိုင် တာတမံဘောင်ပါ။ ဒီနေ့က ဒီရေရှိတော့ အဲဒီတာတမံဘောင်ကို ကျော်သွားတယ် ရေက။ အဲဒီတာတမံဘောင်က ကြံ့ခိုင်မှု အားနည်းတော့  ရေတားတွေ အကုန်လုံးပါသွားတော့ ပေ ၃၀ လောက် ကျိုးပေါက်သွားပါတယ်။ အဲဒီ ငါးလုပ်ငန်းရဲ့ တမံဘောင်တွေမှာ ကျူးတွေ ရှိတယ်ဗျာ။ အဲဒီကျူးတွေ အိမ်တွေ မြုပ်တော့တယ်။ အိမ်ခေါင်မိုးအထိတော့ မြုပ်တာမဟုတ်ဘူး။”

လက်ရှိ ကျိုးပေါက်နေတဲ့ နေရာဟာ အလျားပေ ၃၀၊ အနက် ၄ ပေခွဲလောက်ရှိတယ်လို့လည်း ပြောပါတယ်။

ရေနစ်မြုပ်တဲ့အိမ် ၃၀ လောက်ရှိပြီး လူတွေကိုတော ကျောက်ဖြူမြို့ပေါ် ဘုန်းကြီးaကျာင်းမှာ နေရာချထားပေးတယ်လို့လည်း ပြောပါတယ်။

မနက်ပိုင်းက ကျိုးပါက်သွားတဲ့ တာကိုလည်း နေ့ခင်းပိုင်းမှာ ရဲတပ်ဖွဲ၊ တပ်မတော်သား အင်းအာတွေနဲ့ ဒေသခံတွေအပါအဝင်  ပြန်လည်ပြီး တာဖို့တာတွေ လုပ်ဆောင်နေတယ်လို့လည်း ဦးဖိုးစံက ပြောပါတယ်။

ဓာတ်ပုံ -  Tun Kywal Kpu

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013