DVB Logo
Home
မြန်မာသတင်း
မြစ်ရေမြင့်တက်မှုကြောင့် ရန်ကုန်တိုင်းအတွင်း အိမ်ထောင်စု ၁၆၀ ကျော် ယာယီပြောင်းရွှေ့
DVB
·
August 13, 2018
မြစ်ရေမြင့်တက်မှုကြောင့် ရန်ကုန်တိုင်းအတွင်း အိမ်ထောင်စု ၁၆၀ ကျော် ယာယီပြောင်းရွှေ့
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း သြဂုတ် ၁၂ ရက်က မြစ်ရေမြင့်တက်မှုကြောင့် မြို့နယ် ၃ ခုက အိမ်တောင်စု ၁၆၀ ကျော် ယာယီပြောင်းရွှေ့ခဲ့ကြရတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

လှိုင်မြစ်ရေမြင့်တက်မှုကြောင့် လှိုင်သာယာမြို့နယ်၊ ကစင်ကျေးရွာရှိ အိမ်ထောင်စု ၅၂ စုဟာ ဘုန်းကြီးကျောင်းကို ယာယီပြောင်းရွှေ့နေထိုင်နေကြပါတယ်။

သုံးခွမြို့နယ် အောင်သာဒါန်းကျေးရွာမှာလည်း ညနေ ၄နာရီလောက်က ပယ်လယ်ဒီရေတက်ပြီး တာကျိုးပေါက်လို့ ပယ်လယ်ကမ်းစပ်အနီး နေထိုင်တဲ့ လူနေအိမ် ၂၅ လုံးနစ်မြုပ်သွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းအရ သိရပါတယ်။

အလားတူ သုံးခွမြို့နယ် ထွန်းစိန်ကျေးရွာမှာလည်း မုတ္တမပင်လယ်ကွေ့ ပင်လယ်ဒီရေမြင့်တက်လာပြီး ပေ၃၀လောက်  တာကျိုးပေါက်ခဲ့လို့ နေအိမ် ၂ လုံး မျောပါပျက်စီးဆုံးရှုံးခဲ့ပါတယ်။

လတ်တလောအဆိုပါကျေးရွာတွေက  အိမ်ထောင်စု ၄၀ စုတို့ ဆွေမျိုးတွေနေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီပြောင်းရွှေ့နေထိုင်ကြရပါတယ်။

ဒါ့အပြင် ပဲခူးမြစ်ရေတက်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ် (၉၃) ရပ်ကွက်အတွင်း ရေဝင်ရောက်ခဲ့လို့ အိမ်ထောင်စု ၇၂ စု ဘုန်းကြီးကျောင်း/စာသင်ကျောင်းတွေကို  ယာယီပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013