
ရခိုင်ပြည်နယ် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ချင်း(ဂျင်း)အစိုတင်ပို့မှုမှာ သိသိသာသာများပြားလာနေတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပွဲတော်ရက် နီးတဲ့အတွက်ရယ် အချိုရည်ထုတ်တဲ့နေရာမှာလည်း ချင်းအစိုကို အသုံးပြုကြတဲ့အတွက် တင်ပို့မှုတက်လာတာဖြစ်တယ်လို့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအေးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာဖော်ပြပါ။
ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးဘက်က ပို့တဲ့ ရေချိုငါးတွေ တင်ပို့မှုလည်းများလာပြီး ပို့ကုန်တင်ပို့မှုအနေနဲ့ တစ်လထက်တစ်လ ပိုမိုတင်ပို့လာနိုင်တယ်လို့ ဆိုပါတယ်။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ သြဂုတ် ၁ဝ ရက်အထိ လယ်ယာ ထွက်ကုန်ပစ္စည်း လေးမျိုး၊ ရေထွက်ကုန်ပစ္စည်း လေးမျိုး၊ သစ်တောထွက်ကုန်ပစ္စည်း တစ်မျိုးနွှဲ စက်မှုကုန်ချောပစ္စည်း တစ်မျိုး တန်ဖိုး ကန်ဒေါ်လာ သုံးသိန်းခွဲကျော်ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာတော့ ဆန်၊ မတ်ပဲ၊ ကုလားပဲ၊ မန်ကျည်းသီး၊ ချင်း(ဂျင်း)အစို၊ တညင်းသီး၊ နနွင်းနှင့် ဆီးသီးခြောက်၊ ငါးသလောက်၊ ငါးမြစ်ချင်း၊ ငါးခြောက်၊ ဆီးယို ၊ ကွေကာ၊ လုံချည်၊ ရေမွှေး၊ ဝက်ခြံပျောက်ခရင်၊ သနပ်ခါးခဲ၊ နေကြာစေ့၊ သကြားလုံးနဲ့ ဆပ်ပြာတို့ကို ဒေါ်လာ ၈သိန်းကျော်ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ-The Mirror Daily











