DVB Logo
Home
မြန်မာသတင်း
ရွှံ့ဗွက်များကြား အပြုံးမပျက် တာဝန်ထမ်းဆောင်နေသည့် သူနာပြုဆရာမလေးများ (ရုပ်သံ)
DVB
·
August 13, 2018
ရွှံ့ဗွက်များကြား အပြုံးမပျက် တာဝန်ထမ်းဆောင်နေသည့် သူနာပြုဆရာမလေးများ (ရုပ်သံ)
1 / 10
Donate to DVB

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကတ်ဝုန်းကျေးလက် ကျန်းမာရေးဌာနခွဲက သူနာပြုဆရာမလေးတွေဟာ ဝမ်နမ့်ရွာနဲ့ နောင်ယိန်းရွာတွေကို ကိုယ်ဝန်ဆောင် မိခင်စောင့်ရှောက်မှုနဲ့ ကာကွယ်ဆေးထိုး၊ တိုက်ကျွေးဖို့ သွားနေကြတဲ့ မှတ်တမ်းပုံတွေပါ။

ကာကွယ်ဆေးထည့်ထားတဲ့ ပုံးတွေကိုလွယ်ပြီး လယ်ကွင်းကြားက လမ်းပေါ်မှာ ဆိုင်ကယ်မလဲအောင်လည်း ခြေနှစ်ဖက်နဲ့ ဘေးကိုထောက်ပြီး ခက်ခက်ခဲခဲ မောင်းနှင်သွားရတာကို ဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။

ဖိနပ်ကိုလက်တဖက်ကကိုင်၊ နောက်တဖက်က ထမီကိုမလို့ ရွှံ့ဗွက်တွေကြားမှာ သွားရတာမျိုး လည်းရှိပြီး အပြုံးမပျက် သူတို့ လမ်းလျှောက်သွားကြပါတယ်။

“အမှတ်တရအနေနဲ့ကတော့ ပျော်လည်းပျော်တယ်။ ပင်လည်းပင်ပန်းပါတယ်ရှင့်။ လမ်းခရီးက ခက်ခဲတော့ တိုင်းရင်းသားတွေမလာနိုင်ပေမယ့် ကျမတို့က ရွာရောက်သွားတဲ့အတွက် ကျမတို့ကို တွေ့တော့ ပျော်နေတဲ့သူတို့ရဲ့ အပြုံးတွေက ရင်ကိုအေးမြစေပါတယ်။ နောင်လည်း သွားနေဦးမှာပါရှင့်” လို့ ခရီးမှာ ပါတဲ့ သူနာပြု ဆရာမ တယောက်က ပြောပါတယ်။

ဓာတ်ပုံ - Dmoemoe Myint

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013