DVB Logo
Home
မြန်မာသတင်း
ငါးဖမ်းခွင့် ပိတ်လိုက်သဖြင့် လက်လုပ်လက်စားငါးဖမ်းသမားများ အခက်အခဲဖြစ်
DVB
·
July 27, 2012
ငါးဖမ်းခွင့် ပိတ်လိုက်သဖြင့် လက်လုပ်လက်စားငါးဖမ်းသမားများ အခက်အခဲဖြစ်
Donate to DVB

နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်းက ဒေသတချို့မှာ လေလံရထားတဲ့ ငါးလုပ်ငန်းရှင်တွေက ငါးဖမ်းခွင့်ပိတ်လိုက်တဲ့အတွက် လက်လုပ်လက်စား ငါးဖမ်းသမားများ ဘ၀ရပ်တည်ရေး အခက်အခဲ ကြုံနေကြရပါတယ်။

ဧရာဝတီတိုင်း ဒေးဒရဲမြို့ ကျုံဒါးကျေးရွာနဲ့ အနီးအနားရွာတွေက လက်လုပ်လက်စား ငါးဖမ်းသူတွေဟာ လေလံဆွဲထားတဲ့ ငါးဖမ်းလုပ်ငန်းရှင်တွေဆီမှာ အခွန်ပေးဆောင်ပြီး ငါးဖမ်းရသလို ဖမ်းဆီးရမိတဲ့ ငါးတွေကိုလည်း လုပ်ငန်းရှင်တွေက ဈေးနှိမ်ပြီး ပြန်ဝယ်တဲ့အတွက် အခုလို အခက်အခဲ ဖြစ်နေကြတာပါ။

လက်လုပ်လက်စား ငါးဖမ်းသူတဦးက “ကမ်းခြေမှာတော့ အခွန်ဆောင်ပြီးမှ ဖမ်းခွင့်ပေးတယ်။ ကုန်းမှာကတော့ အရင်တုန်းလည်း ဖမ်းခွင့်မရှိပါဘူး။ အခု သူတို့တွေက ငါးဦးစီးနဲ့ ပေါင်းပြီးတော့ ရေရှိရင်သူတို့ အကုန်ပိုင်တယ်ဆိုပြီးတော့ အတင်းအကျပ်လုပ်တာ။ ကိုယ်ရတဲ့ ပုစွန်တွေကို သူတို့ကို သွင်းရမယ်တဲ့။ သူတို့ကောက်တဲ့ အလေးနဲ့ သွင်းရမယ်။ သူတို့ပေးတဲ့ ဈေးနဲ့ပဲ သွင်းရမယ်။ ဘယ်ကိုမှ မသွင်းရဘူး။ အလေးက ၂၀ သားလောက်ပိုများတယ်” လို့ ပြောပါတယ်။

အဲဒီဒေသတွေက လက်လုပ်လက်စား ငါးဖမ်းသမားတွေဟာ ချောင်းရိုးမြောင်းစပ်တွေမှာ ငါးရှာ၊ ကဏန်းရှာပြီး အသက်မွေးဝမ်းပြုတဲ့သူတွေ ဖြစ်ပါတယ်။

အခုလို သူတို့ကို ငါးဖမ်းဆီးခွင့်နေရာ အကန့်အသတ် ထားတာကြောင့် ဘ၀ရပ်တည်ရေးအတွက် အခက်အခဲကြုံနေကြရတယ်လို့ ဆိုပါတယ်။

“အခုကိုယ်အိမ်ရှေ့မှာ ရှာဖွေလို့မရဘူး။ နွားသွားလမ်းမှာလည်း ရှာဖွေလို့မရဘူး။ အဲ့ပုစံဖြစ်နေတယ်။ အိမ်မှာ ကလေး ၈ ယောက်တောင်၊ တခါတလေဆို ထမင်းတောင်ငတ်တယ်။ ရှာလို့ဖွေလို့မရလို့။ ဒီလယ်ကွင်း ချောင်းတွေမှာ ရှာမရလို့ အကုန်လုံး လိုက်ရှာလဲ သူတို့က ဖမ်းတော့ ဘယ်မှာသွားရှာရမလဲ။ ကဏန်းတွေပဲ ရှိတယ်။ အဲ့တော့ ကလေးတွေလည်း တယောက်မှ ကျောင်းမထားနိုင်ဘူး။”

အဲ့ဒီကျေးရွာတွေရဲ့ ပင်လယ်ဝအနီးဝန်းကျင်တဝိုက်က မြစ်ချောင်းကမ်းရိုး အစပ်တွေမှာ အရင်က လွတ်လပ်စွာ ငါးဖမ်းခွင့်ရခဲ့ပါတယ်။

ဒါကြောင့် အရင်လို ငါးဖမ်းခွင့်ရှိဖို့နဲ့ ဘုံငါးဖမ်းနေရာ သတ်မှတ်ပေးဖို့ လက်လုပ်လက်စား ရေလုပ်သား ၁၆၀ ကျော်က ဧရာဝတီတိုင်း ဝန်ကြီး ဦးသိန်းအောင်ဆီကို လက်မှတ်ထိုး စာတင်ထားတယ်လို့ ပြောပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/day daye fisher /]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013