DVB Logo
Home
မြန်မာသတင်း
မ​ကွေးမြို့ မြင်းကင်းလမ်းမကြီးကို တိုင်း​ဒေသကြီးအစိုးရ ရန်​ပုံ​ငွေဖြင့် အဆင်​မြှင့်တင်
DVB
·
August 13, 2018
မ​ကွေးမြို့ မြင်းကင်းလမ်းမကြီးကို တိုင်း​ဒေသကြီးအစိုးရ ရန်​ပုံ​ငွေဖြင့် အဆင်​မြှင့်တင်
1 / 2
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး မ​ကွေးမြို့ရဲ့ အဓိက အချက်အ​ချာကျတဲ့ မြင်းကင်းလမ်းမကြီးကို တိုင်း​ဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုရန်​ပုံ​ငွေ ကျပ်​ ၄၁၆ ဒသမ ၉ သန်းနဲ့ အဆင့်မြှင့်တင်​ ​ဆောင်​ရွက်​နေတယ်လို့ မ​ကွေးမြို့နယ်​စည်​ပင်​သာယာ​ရေး ဦးစီးဌာနက ပြောပါတယ်​။

မ​ကွေးမြို့နယ်​ စည်​ပင်​သာယာ​ရေးဦးစီးဌာနက အင်​ဂျင်​နီယာမှူး ဦးစိန်​သိန်း​ငွေက “၂ဝ၁၈ ခုနှစ်​ Mini ဘတ်ဂျက်​ထဲမှာ ပါဝင်​တဲ့ မြင်းကင်းလမ်းအတွက်​ တင်​ဒါ​ခေါ်ယူခဲ့ပြီး MK ​ဆောက်​လုပ်​​ရေးကုမ္ပဏီက ကျပ်​ ၃၇၅ ဒသမ ၂ သန်းနဲ့ တာဝန်​ယူ​ လုပ်​​ဆောင်​​နေတာ ဖြစ်​တယ်​။ တက္ကသိုလ်​လမ်းဆုံက​နေ ဘိုးရတနာထိ ကတ္တရာလမ်း အရှည်​​ပေ ၆၉ဝဝ၊ လမ်းအကျယ်​ ၁၈​ ပေ၊ ကတ္တရာလမ်းထုက ၆ လက်​မပါ၊ အပိုင်းတစ်​အ​နေနဲ့ ဘိုးရတနာက​နေ ​အောင်​​မေတ္တာ(ဃ)အထိ​ ပေ တေ​ထာင်​၊ အကျယ်​ ၁၈ ​ပေ ကွန်​ကရစ်​လမ်း၊ အပိုင်း နှစ် ​မြင်းကင်းလမ်း ဘိုးရတနာလမ်းခွဲက​နေ ​အောင်​​မေတ္တာ(ဃ) ၆ လမ်းထိ အရှည်​ ​ပေ ၂၆၆ဝ အကျယ်​ ၁၆ ​ပေ၊ ကွန်​ကရစ်​ ၉ လက်​မထု တင်​ဒါ​အောင်​ပါတယ်​၊ အပိုင်​ (၃) ဘိုးရတနာ ​အောင်​​မေတ္တာ (ဃ) ၆ လမ်းက​နေ ​အောင်​​မေတ္တာရပ်​ကွက်​ အ​ဝေရာလမ်းထိ ​အရှည်​​ ၂၆၆ဝ​ ပေ အကျယ်​ ၁၈ လက်​မ၊ ကွန်​ကရစ်​ထု ၉ လက်​မ နဲ့ တင်​ဒါ​အောင်​ပါတယ်​၊ အစိုးရဘတ်​ဂျက်​ ခွင့်ပြု​ငွေက ၄၁၆ ဒသမ ၉ သန်း ဖြစ်​ပါတယ်​၊ ဘတ်​ဂျက်​ပိုလျှံငွေ ၄၁ ဒသမ ၇ သန်းကို မြင်းကင်းလမ်းနဲ့ ဆက်​စပ်​တဲ့ ငပုတ်​ကန်​မှာ​ ကျောက်​​မြေသားလမ်း လုပ်​ဖို့ အစိုးရကို တင်​ပြထားပါတယ်​”လို့ ဒီဗွီဘီကို​ ပြောပါတယ်​။

ကတ္တရာလမ်း အရှည်​စုစု​ပေါင်း​ပေ ၆၉ဝဝ အကျယ်​ ၁၈ ​ပေ၊ ကွန်​ကရစ်​လမ်းပိုင်းမှာ ၅ဝ၈ဝ ပေ၊ ၁၈ ​ပေ နှစ်​ပိုင်း ၁၆ ပေ တ​ပိုင်း ဖြစ်​ပါတယ်။ လမ်းအဆင့်မြှင့်တင်​တဲ့ လုပ်​ငန်းကို ဇူလိုင် ၃ဝ ရက်​​နေ့က စတင်​တာဖြစ်​ပြီး စက်တင်ဘာ ၃၁ ရက်​​နေ့ထိ နှစ်​လ ကြာမြင့်မယ်​လို့လည်း သိရပါတယ်။

လမ်းခင်း အလုပ်​သမား​ခေါင်း​ဆောင်​ ဦးထွန်းလွင်​က “လုပ်​သား​တွေကို ​နေ့စားခ အမျိုးသား ၅ဝဝဝ ကျပ်​၊ အမျိုးသမီး ၄ဝဝဝ ကျပ်​၊ ကတ္တရာ​လောင်း ၇ဝဝဝ ကျပ်​စီ သူ့အဆင့်နဲ့သူ အစားစား ​ခေါ်ယူပြီး လုပ်​ကိုင်​ကြတာ ဖြစ်​တယ်​။ ကျနော်​တို့အလုပ်​က ကုသိုလ်​လည်းရ၊ ဝမ်းလည်းဝ ဆို​တော့ အများပြည်​သူ သွားလာတဲ့ လမ်းကို ပိုမို​ကောင်းမွန်​​ပြီး ​ရေရှည်​ခိုင်​ခံ့​အောင်​ ​စေတနာထားပြီး လုပ်​​ပေးတယ်​” လို့ ​ပြောပါတယ်​။

အဆိုပါ လမ်းမကြီး အဆင့်မြှင့်တင်လိုက်​တဲ့အ​တွက်​ ​အောင်​​မေတ္တာရပ်​ကွက်​၊ မြင်းကင်းရွာ၊ ​သဲဖြူရွာရှိ ​ဒေသခံပြည်​သူတွေ၊ တက္ကသိုလ်​​ ကျောင်းသား​ ကျောင်းသူတွေ၊ တိုင်းရင်း​ဆေးရုံနဲ့ ဌာနဆိုင်​ရာ ဝန်​ထမ်းတွေအတွက်​ များစွာအကျိုးပြုပြီး လူ​နေမှုအဆင့် ပိုမိုမြင့်မားလာမှာ ဖြစ်​​ကြောင်း မ​ကွေးမြို့နယ်​ စည်​ပင်​သာယာ​ရေးဦးစီးဌာနက ဆိုပါတယ်​။

မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013